အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့၌ မဲပေးသူ ဦးရေ အလွန်များသော ကြောင့် မဲရုံပိတ်ချိန် ထပ်တိုးပေးခဲ့ရဟုဆိုသည့် အကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Myanmar Hard Talk” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီ ၁၉ မိနစ်တွင် စစ်ကော်မ ရှင်ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲတွင် ရန်ကုန်ရှိ မဲပေးသူဦးရေမှာ အလွန်များသောကြောင့် မဲရုံ ပိတ်ချိန်ကို မူလက ညနေ ၄ နာရီ သတ်မှတ်ထားရာကနေ ညနေ ၅ နာရီသို့ ပြောင်းလဲသတ်မှတ်ပေးလိုက်ရ ကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို “KO CHIT ( MDY ) , Snow Queen” အပြင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/4J8aV
KO CHIT (MDY) – https://archive.ph/Nr5Q7
Snow Queen – https://archive.ph/t4JvV
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
Google တွင် “ ရွေးကောက်ပွဲ ရန်ကုန်မြို့ အခြေအနေ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “DVB, MPA, The Irrawaddy” အပြင် အခြား မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ ပထမပိုင်းပြု လုပ်ခဲ့ကြောင်း၊ အပိုင်း ၁ အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်တွင် နံနက် ၆ နာရီက စတင်၍ ပြုလုပ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းတွင် ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံ့တေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ကန်းကျွန်း၊ သန်လျင် နှင့် အလုံမြို့နယ်တို့တွင် ပြုလုပ်ခဲ့ကြောင်း၊ သို့သော် အတုအယောင်ရွေးကောက်ပွဲကို ယုံကြည်သူမရှိ၍ ရန်ကုန်တွင် မဲပေးသူ အလွန်နည်းပါးခဲ့ကြောင်း၊ မဲရုံသို့ သွားရောက်သူ အနည်းအကျဉ်းသာရှိကြောင်း၊ မြို့တွင်း အသွားအလာလည်း မရှိကြောင်း ဒေသခံအသံများ နှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
DVB – https://bitly.cx/1hK2x
MPA – https://bitly.cx/aXzp3
The Irrawaddy – https://bitly.cx/OJfoY
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်တပ်က ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲကို အယုံအကြည်မရှိသော ကြောင့် ရန်ကုန်တွင် မဲပေးသူဦးရေ အလွန်နည်းပါးခဲ့ကြောင်း ဖော်ပြထားသည်။
အတုအယောင်ရွေးကောက်ပွဲကို မယုံကြည်သောကြောင့် မဲမပေးခဲ့သည့် ရန်ကုန်လူထု၏ အသံများကို လည်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ရွေးကောက်ပွဲတွင် ရန်ကုန် ရှိ မဲပေးသူဦးရေ အလွန်များပြားသောကြောင့် မဲရုံပိတ်ချိန်ထပ်တိုး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
