တရုတ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ယွမ် ၂၀ သန်း ထောက်ပံ့မည့် ကမ်းလှမ်းချက်ကို ထိုင်းအစိုးရ စဉ်းစားနေ

ဓာတ်ပုံ - Manit Sanubboon
ပုံစာ - ထိုင်းနိုင်ငံ၊ ဆာကဲ့ရို့ ခရိုင် နယ်စပ်ဒေသများမှ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသူများ ယာယီကယ်ဆယ်ရေးစခန်းမှတစ်ဆင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ စတင်ပြန်လည် ထွက်ခွာခဲ့ကြစဉ်

တရုတ်နိုင်ငံ ကမ္ဘောဒီးယားနိုင်ငံသို့ ထောက်ပံ့ပေးအပ်ခဲ့သည့် ပမာဏနှင့် တူညီသော အမေရိကန်ဒေါ်လာ ၃ သန်းခန့် (ထိုင်းဘတ် ၉၀ သန်း သို့မဟုတ် တရုတ်ယွမ် ၂၀ သန်း) တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထိုင်းနိုင်ငံသို့ ပေးအပ်ရန် ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မိမိတို့နိုင်ငံအနေဖြင့် မည်ကဲ့သို့သော အကူအညီမျိုး လိုအပ်သည်ကို စဉ်းစားသုံးသပ်နေဆဲဖြစ်သဖြင့် အဆိုပါကမ်းလှမ်းချက်အပေါ် တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်း တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများ ယူနန်ပြည်နယ်တွင် တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့် ပတ်သက်၍ ဘန်ကောက်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နိကွန်ဒက် ဗလန်ကူရာက ပြောကြားသည်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကမ္ဘောဒီးယားနိုင်ငံကို တဲတွေ၊ ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာတွေ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့ခဲ့တယ်ဆိုတာ ဟုတ်ပါတယ်” ဟု နိကွန်ဒက်က ပြောကြားခဲ့သည်။

လက်ရှိအချိန်မှာ ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံထက် ပိုမိုလိုအပ်နေနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဘက်ကတော့ ထိုင်းနိုင်ငံကိုလည်း အလားတူ ပမာဏအတိုင်း ကူညီပံ့ပိုးပေးဖို့ ဆန္ဒရှိနေတယ်ဆိုတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်” ဟုလည်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွန်ခတ်ကေးကလည်း သံတမန်များအတွက် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် တရုတ်၏ ကမ်းလှမ်းမှုကို အတည်ပြုထားသည်။