လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းသည် ပွင့်လင်းမြင်သာမှုမရှိသော သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပါတီများနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် ကြံ့ဖွံ့အမတ်လောင်းအဖြစ် အောင်ကြည်သိန်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲရုံမဲရရှိမှု၌ ရှုံးနိမ့်ခဲ့ပြီး ကြို တင်မဲများ၍သာ အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း တရားမဝင်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အ ရ သိရသည်။
“ကျနော်တို့မွန်ပြည်နယ်မှာ ကြိုတင်မဲ ဘယ်အချိန်က ကောက်သလဲဆိုတာ မွန်ပါတီ(မွန်ညီညွတ်ရေး ပါတီ)လည်း မသိဘူး။တခြားပါတီတွေလည်း မသိလိုက်ဘူး။ချောင်းဆုံမှာ ကြိုတင်မဲကို ရပ်ကွက်ရုံး မှာ သွားပေးရတယ်။ရပ်ကျေးအုပ်ချုပ်ရေးအကုန်လုံးက ကြံ့ဖွံ့ပါတီဝင်တွေချည်းပဲ။ ရပ်ကျေးရွေး ကောက်ပွဲကော်မရှင်ဆိုတာလည်း ကြံ့ဖွံ့တွေပဲဆိုတော့ အဲဒီကြိုတင်မဲတွေက ဘာဖြစ်မလဲ”ဟု ပါတီ များနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPAသို့ပြောသည်။
အောင်ကြည်သိန်းသည် မဲရုံမဲ ၁၈၉၆၁မဲ၊ ကြိုတင်မဲ ၂၁၇၀ မဲ ၊စုစုပေါင်း ၂၁၁၃၁မဲ ရရှိခဲ့ပြီး မွန်ညီ ညွတ်ရေးပါတီ အမတ်လောင်း နိုင်ထွန်းဦးမှာ မဲရုံမဲ ၂၀၀၃၂မဲ၊ ကြိုတင်မဲ ၅၈၃မဲ၊စုစုပေါင်း ၂၀၆၁၅ မဲ ရရှိကာ ၅၁၆မဲ အကွာဖြင့် အောင်ကြည်သိန်းအနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိသည်။
“ပြောရရင် အောင်ကြည်သိန်းက မဲရုံလာထည့်တဲ့မဲမှာ မွန်ပါတီကို ရှုံးတယ်။ကြိုတင်မဲများလို့ မဲ ၅၀၀ ကျော်နဲ့ ကပ်နိုင်တယ်။ထပ်ပြောရရင် ကလိမ်ကျထားတဲ့ ကြိုတင်မဲနဲ့ နိုင်သွားတာလို့ အတိအလင်း ပြောနိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အောင်ကြည်သိန်းရရှိသော ကြိုတင်မဲများမှာ မဲရေတွက်ပြီး မဲရလဒ်ထွက်လာပြီးမှ ရောက်လာသည့် သန်းခေါင်ယံကြိုတင်မဲများဖြစ်ကြောင်း အဝေးရောက် ချောင်းဆုံမြို့နယ်၊သက္ကောရွာသားတစ်ဦးက ဆိုသည်။
“ကျနော်တို့သိတဲ့ကြိုတင်မဲဆိုတာ ပါတီအမတ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေ ပါပြီးတော့ ရွေး ကော်က ကိုယ်စားလှယ်အားလုံးရှေ့မှာ ကြိုတင်မဲကောက်တာ။အခုက အဲလိုလည်း မရှိဘူး။ကြံ့ဖွံ့က လွဲလို့ ဘယ်ပါတီမှ မသိလိုက်ဘဲ ကြိုတင်မဲထည့်ခိုင်းတယ်။နောက်တစ်ချက်က ကြိုတင်မဲဆိုတာ မဲရုံ မဲ မရေတွက်ခင် အရင်ရေတွက်တာ။ အောင်ကြည်သိန်း ကြိုတင်မဲကျတော့ မဲရလဒ်ထွက်လာပြီးမှ ရေဖို့ကျန်သေးတယ်ဆိုပြီး ကြိုတင်မဲစာရင်းတွေ ထပ်တက်လာတာ”ဟု ၎င်းက ပြောသည်။
သန်းခေါင်ယံအချိန်ကျမှ ကြိုတင်မဲ ထပ်ရောက်လာကြောင်း ၎င်း၏ ပြောကြားချက်အပေါ် MPAအနေ နှင့် သီးခြားအတည်မပြုနိုင်သေးပေ။
“အဓိကပြဿနာက မွန်ပါတီက အောင်ကြည်သိန်းကို ကြောက်ပြီး မကန့်ကွက်ရဲတာပဲ။သူကမှ မကန့်ကွက်ရဲတော့ ဘာမှမတတ်နိုင်ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ထိတိုင် ကြိုတင်မဲပြဿနာနှင့် ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီက တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားခြင်းမရှိသဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် ကြံ့ဖွံ့ လုပ်သမျှ ခံမည့်သဘောရှိနေကြောင်း ပါတီ များနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံက ဆိုသည်။
ချောင်းဆုံမြို့နယ်အတွင်း ပြုလုပ်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် (မဲအများ ဆုံးရသူအနိုင်ယူစနစ်)တွင် ကြံ့ဖွံ့အမတ်လောင်းများ ရှုံးနိမ့်ခဲ့ပြီး မွန်ညီညွတ်ရေးပါတီ အမတ် လောင်း ၂ဦးက အနိုင်ရခဲ့သည်။
