ပိုက်ဆံမပေးသော ဘိန်းခင်းများကို KNDF ဖျက်ဆီးဟု ပုံဖျက်ထားသော သတင်းအမှား

KNDF က ပိုက်ဆံမပေးသည့် ဘိန်းခင်းများကို ဖျက်ဆီးပြီး ပိုက်ဆံပေးထားသော ဘိန်းခင်းများကို လုံခြုံ ရေးယူပေးဟုဆိုသည့် သတင်းအမှား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။

“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၁ နာရီ ၅၀ကျော်တွင် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းရှိ ဘိန်းခင်းစိုက်သူများကို KNDF က ခေါ်ယူပြီး ဘိန်းတစ်ဧကလျှင် သိန်း ၁၀၀ တောင်း ကြောင်း၊ ငွေမပေးနိုင်သည့် ဘိန်းခင်းများကို ဖျက်ဆီးပြီး ငွေပေးသည့် ဘိန်းခင်းများကိုတော့ လုံခြုံရေးယူ ပေးထားကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာကို “ကိုနှင်းမောင်၊ ဘညွန့်” အပြင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/Xkz4l
ကိုနှင်းမောင် – https://archive.ph/OnPP5
ဘညွန့် – https://archive.ph/9xM8j

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

ဖြန့်ဝေထားသော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “မောင်း” မီဒီယာတွင် ဖော်ပြထားသော ရုပ်သံဖိုင်နှင့် ထပ်တူညီနေသည်။

“မောင်း” မီဒီယာတွင် ဖေဖော်ဝါရီ ၉ ရက်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်း လမ်းမကြီးဘေးရှိ ဘိန်းစိုက်ခင်းများကို KNDF ဗျူဟာ ၄ က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူ များက ဘိန်းမစိုက်ရန် တားမြစ်စာထုတ်ထားသော်လည်း မလိုက်နာသည့်အတွက် ယခုကဲ့သို့ ဝင်ရောက် ရှင်းလင်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/exyxo

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ဘိန်းခင်းများ KNDF ဖျက်ဆီး” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့် ရာ “ခမ်းသားငေါဝ်း၊ သံလွင်ခက် ၊ People’s Spring” အပါအဝင် အခြား မီဒီယာများကလည်း သတင်းရေး ထားသည်။

သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၉ ရက် က KNDF ဗျူဟာ ၄ နှင့် ၅ တို့ သည် ဒီးမော့ဆိုမြို့နယ်ရှိ လမ်း ဘေး ဘိန်းစိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီးခဲ့ရာတွင် အတင်းအဓမ္မ က်ဆီးခြင်းမျိုးမဟုတ်ဘဲ စိုက်ပျိုးသူ ပိုင်ရှင်များ ကို ရှေးဦးစွာ ပညာပေးဆွေးနွေးကာ ညှိနှိုင်းပြီးမှ ပြုလုပ် ခြင်းဖြစ် ကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ သဘော ထားကွဲလွဲမှုများ ရှိခဲ့သော်လည်း KNDF အနေဖြင့် ဒေသတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ရာဇဝတ်မှုများ လျော့ ပါးစေရန် ယခုထက် ပိုမိုထိရောက်သော စီမံချက်များဖြင့် ဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>>
ခမ်းသားငေါဝ်း – https://bitly.cx/zRsi2
သံလွင်ခက် – https://bitly.cx/2p3GB
People’s Spring – https://bitly.cx/ThCUt

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ဒီးမော့ဆိုမြို့နယ်ရှိ ဘိန်းစိုက်ခင်းများကို KNDF အဖွဲ့က ပညာပေးညှိနှိုင်းပြီး ဖျက် ဆီးရှင်းလင်းခဲ့ကြောင်း ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ရာဇဝတ်မှုများ လျော့ပါးစေရန် ယခုထက်ပိုမိုထိ ရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ KNDF အဖွဲ့က ပိုက်ဆံမပေးသည့် ဘိန်းခင်းများကို ဖျက်ဆီးပြီး ပိုက်ဆံပေးသည့် ဘိန်းခင်းများကို လုံခြုံရေးယူပေး” ဆိုသည့် အကြောင်းအရာသည် ပုံဖျက်ထားသော သတင်းအမှား ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။