ရန်ကုန်မြို့လမ်းများပေါ် စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံရသူ တစ်ပတ်အတွင်း ၁၈ဦးရှိကြောင်း Rangoon Scout Network-RSN က သတင်းထုတ်ပြန်သည်။
ဖေဖေါ်ဝါရီ၁၆ရက်မှ ၂၂ရက်အတွင်း မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ တာမွေ၊ ဗဟန်း၊ လှိုင်နှင့် စမ်း ချောင်းမြို့နယ်တို့၌ လမ်းဘေးထိုင်နေစဉ် ဘီယာသောက်နေသည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရသူ၁၁ဦး နှင့် လမ်းပေါ်သွားလာနေစဉ် ဖမ်းဆီးခံရသူ ၇ဦး ရှိကြောင်း RSN က ယနေ့(ဖေဖေါ်ဝါရီ၂၃ရက်) သ တင်းထုတ်ပြန်သည်။
“ညဘက်တွေမှာ အဓိကဖမ်းတယ်။လူငယ်တွေက ညဦးပိုင်းတွေဆိုတော့ ဘာမှမဖြစ်လောက်ဘူးဆို ပြီး ကိုယ့်ရပ်ကွက်၊ကိုယ်လမ်းထဲမှာ လမ်းဘေးမှာ ထိုင်နေတာကို ဖမ်းတာ။အရက်သောက်လို့ ဖမ်း တယ်ဆိုတာက အကြောင်းပြချက်ပါ။စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာပါ”ဟု ရန်ကုန်မြို့ရဲသတင်း ရင်းမြစ်က MPAသို့ပြောသည်။
ရပ်ကွက်များအတွင်းရှိ လူငယ်များကို ဖမ်းဆီးခြင်းသည် အလွယ်တကူငွေရသည့်အလုပ်ဖြစ်သလို စစ်တပ်၊ရဲ၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးတို့က ကိုယ့်အစီအစဉ်နှင့်ကိုယ် လုပ်ကိုင်နေကြကြောင်း သိရသည်။
“ဖမ်းတဲ့အချိန်မှာ လွတ်သွားတာမျိုး ရှိပေမဲ့ ဖမ်းတဲ့သူတွေကို ရပ်ကွက်ပြည်သူတွေက ပြန်ရန်လုပ် တာမျိုး မရှိကြဘူး။ပြဿနာတက်မှာစိုးလို့ မလုပ်ရဲကြတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုအပတ်အတွင်း ထူးခြားချက်အနေနှင့် ဖေဖေါ်ဝါရီ၂၁ရက်၊နံနက်၇နာရီခန့်တွင် ပစ်ခတ်ရန် ချိန် ရွယ်ထားသော ၁၀၇မမ ရှော့တိုက်ဒုံး၆လုံးကို ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ ဆင်ဖုန်(မြောက်)ကျေး ရွာအနီးရှိ လယ်ကွင်း၌ တွေ့ရှိသိမ်းဆည်းရမိကြောင်း စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်များက သတင်း ထုတ်ပြန်ထားသည်။
ဖေဖေါ်ဝါရီ၉ရက်မှ ၁၅ရက်အတွင်း ရန်ကုန်မြို့ လမ်းများပေါ် ဖမ်းဆီးခံရသူ ၁၉ဦးရှိကြောင်း RSN က ထုတ်ပြန်ထားသေးသည်။
