အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ဖမ်းဆီးရမိမှုမှာ ၃ပတ်အတွင်း ၁၉၁ဦးရှိကြောင်း ပြည်သူ့ပန်းတိုင် က သတင်းထုတ်ပြန်သည်။
ဖေဖေါ်ဝါရီတတိယပတ်တွင် အလင်းဝင်နှင့်စစ်သုံ့ပန်း ၄၅ဦး၊ ဒုတိယပတ်တွင် ၁၂၅ဦးနှင့် ပထမပတ် တွင် ၂၁ဦးရှိကြောင်း သိရသည်။
ရွေးကောက်ပွဲအတုကလည်း ဘယ်သူ့အသိအမှတ်ပြုမှုမှ မရဘဲ ပြီးခဲ့ပါပြီ။ ဘယ်နေရာမှလည်း ငြိမ်း ချမ်းသွားတာ မရှိသလို ငြိမ်းချမ်းဖို့လည်း လမ်းမမြင်သေးပါဘူး။စစ်ခေါင်းဆောင်ကလည်း တစ်နိုင်ငံ လုံး နေရာအနှံ့ ဗုံးကြဲပြီး တော်လှန်ရေးမီးတောက်ကို အရှိန်မြှင့်ပေးနေတုန်းပါပဲ။ဒါ့ကြောင့် အောက် ခြေစစ်သည်တွေခမျာ အိမ်ပြန်ရေးက ဝေးသထက် ဝေးလာသလို ရှင်ကျန်ရေးကလည်း အင်မတန် ခက်ခဲလာပြီမို့ အခွင့်သာတာနဲ့ပြည်သူထံ လက်နက်ချ ပူးပေါင်းကြဖို့ အကြံပေးချင်ပါတယ်”ဟု ပြည် သူ့ပန်းတိုင်က ထုတ်ပြန်သည်။
ဖေဖေါ်ဝါရီတတိယပတ်အတွင်း အလင်းဝင် ၂၁ဦး၊ဒုတိယပတ်တွင် အလင်းဝင် ၁၄ဦးနှင့် ပထမပတ် တွင် အလင်းဝင် ၇ဦးတို့ရှိပြီး အလင်းဝင်သူအများစုမှာ စစ်မှုထမ်းတပ်သားများဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲတွေမှာ အသေအပျောက်အများဆုံးက ဘာအတွေ့အကြုံမှမရှိတဲ့ ပစ(စစ်မှုထမ်းတပ်သား) တွေပဲ။ အလင်းဝင်တာအများဆုံးကလည်း ပစ တွေပဲ။ ပစ တွေက လစ်တာနဲ့ အလင်းဝင်ကြလို့ စစ် တပ်ထဲမှာ စောင့်ကြည့်ခံ၊အနှိမ်ခံဘဝနဲ့ ဒုက္ခရောက်နေတာလည်း ပစတွေပဲ။ ဒါ့ကြောင့် စစ်တပ်ထဲ မရောက်ချင်ဘဲ ရောက်ရပြီး စစ်တပ်ထဲမှာလည်း ဒုက္ခရောက်နေတဲ့ ပစ တွေ အလင်းဝင်တာ များရ အောင် တော်လှန်ရေးအဖွဲ့တွေ ဝိုင်းကြိုးစားပေးကြပါလို့ တိုက်တွန်းချင်တယ်”ဟု နယ်စပ်ဒေသအ ခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ တတိယပတ်အထိ အလင်းဝင်ပူးပေါင်း၊ လက်နက်ချနှင့် စစ်သုံ့ပန်း စုစုပေါင်း ၂၉၄၈ ဦး ရှိကြောင်း သိရသည်။
