အရပ်သား နှစ်ဒါဇင်ကျော် စစ်တပ်ဗုံးကြောင့်သေဆုံးမှုကို AA နှင့် PDF များဟူ၍ တံဆိပ်ကပ်ထားသော သတင်းအမှား

မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား ပြည်သူ နှစ်ဒါဇင်ကျော် သေဆုံးမှုကို AA နှင့် PDF များ သေဆုံးဟူ၍ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေနေကြသည်။

“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ မတ်လ ၁ ရက် ည ၈ နာရီ ၂၆ မိနစ်တွင် မင်းတုန်းမြို့တွင် စစ်တပ်ဗုံးကြဲ မှု ကြောင့် AA နှင့် PDF ၃၈ ဦး သေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထား သည်။

အဆိုပါအကြောင်းအရာကို “U Nay Win, Snow Queen” အပါအဝင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/LBz8P
U Nay Win – https://archive.ph/emTAg
Snow Queen – https://archive.ph/tgSOk

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “People’s Spring” မီဒီယာက ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။

People’s Spring တွင် မတ်လ ၁ ရက်နေ့က မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာ အနီးရှိ ကုန်ကားစခန်းနေရာကို စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲခဲ့ခြင်းကြောင့် အရပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ ဖောကား ရှစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထိခိုက်သေဆုံးသူ အများစုမှာ တောင်ယာလုပ်ကိုင်သူများ ဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/YZe08

ထပ်မံ အတည်ပြုနိုင်ရန် Google တွင် “မင်းတုန်း ပြောင်းရွာ လေကြောင်းတိုက်ခိုက်ခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “DVB, Myanmar Now, Mizzima” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် မတ်လ ၁ ရက် နေ့က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးရှိ ကုန်ကား ရပ်နားစခန်း နေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ၂၅ ဦး သေဆုံး ပြီး၊ ၂၀ ကျော် ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း၊ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ အများစုမှာ ကားသများဖြစ်ပြီး အမျိုးသမီးနှစ်ဦး လည်း ပါဝင်ကြောင်း ဖော်ပြထား သည်။

အပြည့်အစုံဖတ်ရန် >>>
DVB – https://bitly.cx/Xua1Y
Myanmar Now – https://bitly.cx/k90k
Mizzima – https://bitly.cx/XUk99

သုံးသပ်ချက်

သတင်းမီဒီယာများတွင် မင်းတုန်းမြို့၊ ပြောင်းကျေးရွာအနီးရှိ ကုန်ကားရပ်နားစခန်းနေရာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားကြသည်။

သေဆုံးသူအများစုမှာ ကားမောင်းသူများ ဖြစ်ပြီး အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်း တွေ့ရသည်။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ မင်းတုန်းတွင် စစ်တပ်ဗုံးကြဲမှုကြောင့် AA နှင့် PDF များ သေဆုံး” ဆိုသည့် အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ထားသော သတင်းအမှား ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရက် အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။