အီရန်ရှိ စစ်ရေးပစ်မှတ် ၃၀၀၀ ကျော်ကိုတိုက်ခိုက်ထားသည့် အမေရိကန် စစ်ရေးအရှိန်မြှင့်မည်ဟု ထုတ်ပြန်

အမေရိကန် ဗဟိုစစ်ဌာနချုပ် (U.S. Central Command – CENTCOM) က ယနေ့ ထုတ်ပြန်လိုက်သော သတင်းအရ အရှေ့အလယ်ပိုင်းဒေသအတွင်း ဆင်နွှဲနေသည့် “Operation Epic Fury” စစ်ဆင်ရေး၏ ပထမဦးဆုံး သီတင်းပတ်အတွင်း၌ပင် အမေရိကန်တပ်ဖွဲ့များသည် ရန်သူ့ပစ်မှတ်ပေါင်း ၃,၀၀၀ ကျော်ကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးတွင် အီရန်၏ အင်အားစုများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး၊ လေကြောင်းတိုက်ခိုက်မှုများနှင့် တိကျသော ဒုံးကျည်ပစ်ခတ်မှုများကို အသုံးပြုကာ ရန်သူ့စခန်းများ၊ လက်နက်တိုက်များနှင့် ဗျူဟာမြောက် အဆောက်အအုံများကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Operation Epic Fury ၏ ပထမပတ်အတွင်း အမေရိကန်တပ်ဖွဲ့များသည် ပစ်မှတ်ပေါင်း ၃,၀၀၀ ကျော်ကို တိုက်ခိုက်ချေမှုန်းခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဤစစ်ရှိန်ကို လုံးဝ (လုံးဝ) လျှော့ချသွားမည်မဟုတ် ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ်
က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ တစ်ပတ်အတွင်း ပစ်မှတ် ၃,၀၀၀ ကျော်ကို တိုက်ခိုက်နိုင်ခြင်းသည် အမေရိကန်စစ်တပ်၏ နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေး အသာစီးရမှုကို ပြသနေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။