ပြည်သူ ၈၀၀၀ ခန့် သတ်ခဲ့သည့် မင်းအောင်လှိုင် သမ္မတဖြစ်ခြင်းအပေါ် ကမ္ဘာ့အာဏာရှင် ၃ဦး ဝမ်းမြောက်

ပြည်သူ၈၀၀၀ နီးပါးကို သတ်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာ ခြင်းအပေါ် ကမ္ဘာ့အာဏာရှင်ခေါင်းဆောင် ၃ဦးတို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ ခဲ့ကြသည်။

ရုရှားအာဏာရှင် ဗလာဒီမာပူတင်၊ တရုတ်အာဏာရှင် ရှီကျင့်ဖျင်နှင့် ဘယ်လာရုစ်အာဏာရှင် လူကာ ရှန်ကို တို့က မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို သမ္မတအာဏာလွှဲအပ်ခဲ့သည့် ဧပြီ၃ရက်တွင် ဝမ်း မြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု စစ်ကော်မရှင် မီဒီယာတို့က ဖော်ပြသည်။

“ထုံးစံအတိုင်း မင်းအောင်လှိုင်ရဲ့ ဆရာသခင် ကျေးဇူးရှင်၃ဦးကပဲ ဝမ်းမြောက်ပြပြီး ကမ္ဘာမှာ အာဏာ ရှင်တွေရဲ့ ညီညွတ်မှုကို သက်သေပြလိုက်တာပေါ့။ဘာပဲဖြစ်ဖြစ် အာဏာရှင်ကြီးတွေက ကမ္ဘာပေါ်မှာ မင်းအောင်လှိုင်တို့လို အာဏာရှင်လေးတွေ သက်ဆိုးရှည်ဖို့အတွက် သံတမန်အားတင်မကဘဲ လက် နက်ပစ္စည်းကစ ပံ့ပိုးနေတာ အားရစရာပါ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦး က MPAသို့ပြောသည်။

အထူးသဖြင့် တရုတ်အစိုးရသည် မင်းအောင်လှိုင်သက်ဆိုးရှည်ရေးအတွက် နိုင်ငံရေးထောက်ခံမှုတင် မကဘဲ မြန်မာ့ပြည်တွင်းရေးကိုပါ ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်လျက်ရှိကြောင်း ၎င်း ကဆိုသည်။

အမည်ခံပြည်ထောင်စုလွှတ်တော်က မင်းအောင်လှိုင် ဆင်ထားသည့် ဇာတ်ညွှန်းအတိုင်း မင်းအောင်လှိုင်အား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ကြောင်း ဧပြီ၃ရက်က အသုံးတော်ခံ ခဲ့ သည်။

မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို အာဏာလွှဲပြောင်းခဲ့သည့် ဧပြီ၃ရက်တွင် စစ်အုပ်စုလက်ချက် ကြောင့် ကျဆုံးခဲ့သည့် ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် ပြည်သူ စု စုပေါင်း ၇၉၆၆ဦး ရှိပြီဖြစ်ကြောင်း AAPP ကထုတ်ပြန်ထားသည်။

စာတည်း-ML