KNU ထံမှ ထွက်ပြေးလာသော PDF များ ထိုင်း တွင် ဖမ်းဆီးခံရ ဆိုသည့် အကြောင်းအရာသည် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ တွင် ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၄ ရက် နေ့လည် ၁၂ နာရီ ၄၈ မိနစ်တွင် KNU လက် အောက်ခံ ဘဝကနေ ထွက်ပြေးပြီး ထိုင်းနိုင်ငံအ တွင်း ခိုးဝင်လာကြသည့် PDF လူငယ် ၆၀ ကျော် ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါ အကြောင်းအရာကို ဧပြီ ၂၅ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၁၆,၀၀၀ ကျော်၊ Reaction ပေးသူ ၅၀၀ ကျော် ရှိခဲ့ပြီး “ဖိုးမောင်၊ Thazin Oo” အပါအဝင် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများေနသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/ipzFC
ဖိုးမောင် – https://archive.ph/vDGhb
Thazin Oo – https://archive.ph/xI0iz
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံနှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “မြေလတ်အသံ” နှင့် “သျှမ်းသံတော်ဆင့်” သတင်းမီဒီယာတို့က ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် ဧပြီ ၂၃ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောခရိုင်ရှိ အိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ ပုန်းအောင်းနေထိုင်နေသည့် အထောက်အထားမဲ့ မြန်မာ ၆၃ ဦးကို ဖမ်းမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ ချင်းရိုင်ခရိုင် မယ်ဆိုင်ဘက်ကနေ တရားမဝင် ဝင်ရောက်လာပြီး ပွဲစားများ၏ အစီအစဉ်ဖြင့် ဘန်ကောက်နှင့် ဖိစနုလောက်ဘက် အနီးနေရာများကို ဆက်သွားရန်အတွက် အဆိုပါ အိမ်တွင် စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း၊ ဖမ်းမိသူများကို အတင်းအဓမ္မအလုပ်ခိုင်းစေမှု နှင့် လူကုန်ကူးမှုဆိုင်ရာ ဆက်နွယ်မှု ရှိ မရှိ စစ်ဆေးနေကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
မြေလတ်အသံ – https://bitly.cx/H6NVx
သျှမ်းသံတော်ဆင့် – https://bitly.cx/wNXgn
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ရွှေ့ပြောင်းလုပ်သား ၆၀ ဖမ်းဆီးခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Dawei Watch, Narinjara, Mon News Agency” အပါအဝင် အခြား မီဒီယာများတွင် သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ဧပြီ ၂၃ ရက်က ထိုင်း နိုင်ငံ၊ ဖယောင်းမြို့၊ မဲတန်ဒေသ ရှိ အိမ်တစ်လုံး ထဲတွင် တရားမဝင်ဝင်ရောက် လာသော မြန်မာ နိုင်ငံသား ၆၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း၊ အမျိုးသား ၃၃ ဦး၊ အမျိုသမီး ၃၀ ဦးနှင့် ကလေး ငယ် သုံးဦး ပါဝင်ကြောင်း၊ ဖမ်းဆီးခံရသူ အများ စုမှာ ပအိုဝ်း၊ ရှမ်း၊ ကရင် စသော တိုင်းရင်းသား အများစု ဖြစ်ကြောင်း၊ ဘန်ကောက်နှင့် ဖစ်စနူလို့ ခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ဝင်လာခြင်း ဖြစ်ပြီး ခရီးစရိတ်အတွက် ဘတ် ၈,၅၀၀ မှ ၁၀,၀၀၀ ထိ ပေးဆောင်ခဲ့ရကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Dawei Watch – https://bitly.cx/W8Kho
Narinjara – https://bitly.cx/0wyXy
Mon News Agency – https://bitly.cx/Hky7r
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ထိုင်းနိုင်ငံ၊ ဖယောင်းမြို့ နယ်ရှိ အိမ်တစ်လုံးထဲတွင် တရားမဝင် ဝင်ရောက် လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော် ဖမ်းဆီးခံ ရကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာကြသူများ ဖြစ်နေသည်။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ် များတွင် ပျံ့နှံ့နေသော “KNU ဆီကနေ ထွက်ပြေး လာသော PDF လူငယ် ၆၀ ကျော် ထိုင်းတွင် ဖမ်းဆီးခံရ” ဆိုသည့် အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအ ကြောင်းအရာများအား သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
