အာဏာသိမ်းစစ်အုပ်စုအတွက် စစ်မှုထမ်းပြီးသူများကို ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက အလုပ်ခန့်ထားလိုကြောင်း အလုပ်သမားဝန်ကြီးဌာနထံ ကမ်းလှမ်းလာသည်ဟူ၍ စစ်တပ်လော်ဘီဖေ့ဘွတ်ခ်အကောင့်က လိမ်ညာဝါဒဖြန့် နေသည်။
“မင်းရဲသိင်္ခသူ” ဖေ့ဘွတ်ခ်အကောင့်က ၂၀၂၆ မေ ၁၅ရက် မွန်းလွဲ ၁နာရီကျော်တွင် သတင်းအမှားဖြန့်ဝေထား ခြင်းဖြစ်သည်။
သတင်းအမှားတွင် စစ်မှုထမ်း နှစ်နှစ်တာဝန်ထမ်းဆောင်ပြီးသူများကို ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက အလုပ်ခန့်ထား လိုကြောင်း အလုပ်သမားဝန်ကြီးဌာနထံ ကမ်းလှမ်းလာကြောင်း ရေးသားဖြန့်ဝေနေခြင်းဖြစ်သည်။
သတင်းအမှားလင့်ခ် – https://bitly.cx/EOzHV
အဆိုပါ ဖြန့်ဝေထားသော အကြောင်းအရာကို MPA Fact-check team က အချက်အလက်စစ်ဆေးကြည့် ရာ လိုရာဆွဲရေးသား၍ ဝါဒဖြန့်ထားခြင်းဖြစ်ကြောင်း တွေ့ရသည်။
သက်သေပြချက်
စစ်အုပ်စုသည် စစ်မှုထမ်းပြန်များကို အလုပ်အကိုင်ရှာဖွေပေးမည်ဟု မက်လုံးပေးကာ စစ်မှုထမ်းသင်တန်း အပတ်စဉ် အသစ်များကို ဆွဲဆောင်ဝါဒဖြန့်နေကြောင်း DVB က သတင်းဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/KjGoc
ဂျပန်နိုင်ငံက မြန်မာစစ်မှုထမ်းပြန်များကို အလုပ်ခေါ်မည့်ကိစ္စကို Google တွင် ရှာဖွေရာ အဆိုပါ သတင်းအား စိတ်ချယုံကြည်ရသော သတင်းများ၌ ဖော်ပြထားခြင်းမရှိပေ။
ဂျပန်နိုင်ငံက မြန်မာ အပါအဝင် နိုင်ငံခြားအလုပ်သမားအသစ်များ စားသောက်ကုန်ဝန်ဆောင်မှုကဏ္ဍအတွက် ခေါ်ယူမှု ယာယီရပ်ဆိုင်းကြောင်း ကြေညာထားကြောင်း ဧပြီလတွင် Khit Thit မီဒီယာက ဖော်ပြထားသည်။
ဂျပန်နိုင်ငံက စားသောက်ကုန်ဝန်ဆောင်မှုကဏ္ဍ (Food Services) တွင် ကျွမ်းကျင်လုပ်သားအစီအစဉ် (Specified Skilled Worker – SSW) ဖြင့် မြန်မာ အပါအဝင် နိုင်ငံခြားသားအလုပ်သမားသစ် လက်ခံမှုကို ဧပြီ ၁၃ ရက်မှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း ကြေညာထားပြီးဖြစ်သည်။
ထိုသို့ ရပ်ဆိုင်းမှုကြောင့် ဂျပန်သို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် မြန်မာလုပ်သားများအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သိရှိရသည်။
သတင်းလင့်ခ် – https://bitly.cx/Gl0Ax
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း စစ်မှုထမ်းပြန်များကို ဂျပန်ကုမ္ပဏီများက အလုပ်ပေးဟု ထုတ်ပြန်ကြေ ညာထားခြင်း မရှိပါ။
သံရုံးဖေ့ဘွတ်ခ် – https://bitly.cx/GrX8i
အာဏာသိမ်းစစ်အုပ်စု၏ မေ ၁၇ရက်ထုတ် “မြန်မာ့အလင်း” သတင်းစာတွင် စစ်မှုပြန်ဆောင်ပြီးသူများကို အလုပ်အကိုင်ရရှိရန် ဝိုင်းဝန်ဆောင်ရွက်ပေးကြရန် နှိုးဆော်ထား ထုတ်ပြန်ထားသည်။
အဆိုပါ စာထဲတွင် ဂျပန်နိုင်ငံက အလုပ်သမားအဖြစ် ခေါ်ယူမှုဖြစ်ကြောင်း အတိအလင်း ကြေညာထားခြင်း မရှိပါ။
မြန်မာ့အလင်း သတင်းလင့်ခ် – https://bitly.cx/vhG3B
စစ်အုပ်စုသည် ၎င်းတို့ အာဏာဆက်လက်တည်မြဲနေစေရန် လူငယ်များကို အတင်းအကျပ် စစ်မှုထမ်းဆောင် ခိုင်းနေသည်။
ထို့ကြောင့် စစ်တပ်လော်ဘီဖေ့ဘွတ်ခ်အကောင့်က ဂျပန်ကုမ္ပဏီများက မြန်မာစစ်မှုထမ်းပြန်များကို အလုပ်ခန့် မည်ဟု လိမ်ညာဝါဒဖြန့်ဝေထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
