ရန်ကုန်တွင် တစ်ပတ်တာ မတရားဖမ်းဆီးခံရသူ ၆ ဦးရှိဟုဆို

ဓာတ်ပုံ-RSN

ရန်ကုန်တွင် တစ်ပတ်အတွင်း မတရားဖမ်းဆီးခံရသူ ၆ ဦးရှိကြောင်း Rangoon Scout Network က ယနေ့ (မေ ၂၅ ရက်) သတင်းထုတ်ပြန်သည်။

မေလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်မြို့၊ ကမာရွတ်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ လမ်းမပေါ်သွားလာနေစဉ် ဖမ်းဆီးခံရသူ ၃ဦး၊ လမ်းဘေးထိုင်ကာ အရက် သောက်နေသည်ဟုဆိုကာ ဖမ်းဆီးခံရသူ တစ်ဦး၊ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူတစ်ဦးနှင့် ရပ် ကွက်ထဲ ရမ်းကားသဖြင့် ဖမ်းကာ စစ်မှုထမ်းထဲ အထည့်ခံရသူတစ်ဦးရှိကြောင်း သိရသည်။

“ဒီတစ်ပတ် အဖမ်းခံရတာ ၆ဦးဆိုတာက သူတို့ (Rangoon Scout Network) သတင်းရရှိသလောက် ထုတ်ပြန်တာမျိုး ထင်တယ်။ရက်၁၀၀စီမံချက်အတွင်း ရန်ကုန်မှာ လမ်းမပေါ် ပေါ်တာဆွဲရုံတင်မက ဘူး။ဧည့်စာရင်းစစ်ပြီး ဧည့်စာရင်းမတိုင်ထားရင် ဖမ်းတာရော၊ စစ်မှုထမ်းစာရင်းနဲ့ ညဘက် အိမ်တွေ ပေါ် တက်ဖမ်းတာရော များလာတယ်။ရက်၁၀၀အတွင်း ပြည်သူတွေကို ဒုက္ခပေးတာတွေပေါ့”ဟု ရန် ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။

ဖော်ပြပါအပတ်အတွင်း တာမွေမြေို့နယ်၊ကျောက်မြောင်း၌ လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသည့် အရပ်ဝတ်ရဲ၂ဦးအား ဒေသခံများက ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်ပေါ် ပျံ့နှံ့ခဲ့သေးသည်။

ဧပြီလအတွင်း ရန်ကုန်မြို့၌ စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူ ၃၂ဦးသာ ရှိခဲ့ရာမှ မေလ၁ရက်မှ ၂၄ရက်အတွင်း ဖမ်းဆီးခံရသူ ၄၁ဦးထက်မနည်း ရှိလာကြောင်း Rangoon Scout Network -RSN ၏ ထုတ်ပြန်ချက်များအရ သိရသည်။