အလောင်းပုံထက်က အာဏာကို ဖက်တွယ်ခုံမင်ခြင်း

[ဆောင်းပါး]

အာဏာရှင်နှင့် အာဏာရှင်စနစ်

အာဏာရှင်လို့ ပြောလိုက်ရင် တသွေးတသံ တမိန့်နဲ့ နိုင်ငံကို အကြွင်းမဲ့အာဏာသုံးပြီး အုပ်ချုပ်တယ်လို့ပဲ လူတွေက အလွယ်တကူ ရှုမြင်တတ်ကြပါတယ်။ ဒီလို ရှုမြင်တတ်မှုတွေကြောင့်ပဲ ဒီဘက်ခေတ် လက်သစ်အာဏာရှင်တွေဟာ သူတို့ကို အာဏာရှင်လို့ မထင်အောင် အတုအယောင် ရွေးကောက်ပွဲတွေ ဖန်တီးပြီး ကြားတဆင့်ခံ မျက်လှည့်ပြပြီးမှ သူတို့ရဲ့ မတရားအာဏာကို တရားဝင်လမ်းကြောင်းပေါ် ဇွတ်ဆွဲတင်တာမျိုးတွေ လုပ်ကြပါတယ်။

လက်ရှိ ယူနီဖောင်းချွတ် စစ်အာဏာရှင် မင်းအောင်လှိုင်သည်လည်း ဒီလိုလမ်းကြောင်းမျိုး စနစ်တကျ ဖန်တီးပြီး သူ့လက်ဝေခံ ယူနီဖောင်းချွတ် အများစု ကြီးစိုးတဲ့ သူ့အစိုးရကို ဇွတ်ဒီမိုကရေစီ အစိုးရ အဖြစ် နိုင်ငံတကာကို ပြသလိမ်ညာနေပါတယ်။

အာဏာရှင်တို့၏ လမ်းစဉ်

အာဏာရှင် အားလုံးမှာ တူညီတဲ့ အချက်က လူထုကို ခြိမ်းခြောက်၊ လွတ်လပ်စွာ ဖန်တီးခွင့် ပျံသန်းခွင့် အားလုံး ဆုံးရှုံးအောင် အတောင်ပံတွေ ရိုက်ချိုးထား၊ မျက်စိနားတွေ ပိတ်ထားပြီး လှောင်အိမ်ထဲက ငှက်၊ ခြံထဲကကြက်အဖြစ် မွေးမြူထိန်းချုပ် အတင်းကြပ် အုပ်ချုပ်တဲ့ အာဏာတည်ဆောက်ရေးလမ်းစဉ်ကို ကျင့်သုံး‌လေ့ရှိပါတယ်။

မတရားပြုကျင့်မှုတွေကို ဝေဖန်သူ ဆန့်ကျင်သူတိုင်းကို ထောင်သွင်း အကျဉ်းချ၊ ‌တော်လှန်တိုက်ခိုက်သူတွေကို လူမျိုးဘာသာမခွဲ အသိုက်အဝန်းတခုလုံး ပျောက်ပျက်အောင် ဖျက်ဆီးပြီး အကြောက်တရား ဖြန့်ဝေခြင်းနဲ့ ငြိမ်ဝပ်အောင် အာဏာတည်ဆောက်လေ့ရှိပါတယ်။ လက်နက်နဲ့အုပ်ချုပ်ခြင်းလမ်းစဉ်သာလျှင် သူတို့ရဲ့ တခုတည်း‌သော လမ်းစဉ် ဖြစ်နေလေ့ရှိပါတယ်။

သွေးစွန်းမှုပမာဏ

အာဏာရှင်တွေဟာ ဘယ်နိုင်ငံမှာပဲ ပေါ်လာ ပေါ်လာ သူတို့ရဲ့ လက်တွေဟာ အမြဲတစေ လူပေါင်းများစွာရဲ့သွေးတွေ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း စွန်းနေတတ်ပါတယ်။ အီရတ်မှာ ဆဒ္ဒံဟူစိန် အုပ်ချုပ်စဉ် (၂၄)နှစ်ကြာ ကာလမှာ သူ့နိုင်ငံလူဦးရေရဲ့ (၂.၀၈) ရာခိုင်နှုန်းကျော် ပမာဏအားဖြင့် လူပေါင်းသုံးသိန်းကျော်ကို သေဆုံးစေ၊ အတင်းအကြပ် ပျောက်ဆုံးစေခဲ့ပါတယ်။

ထို့နည်းတူစွာပါပဲ ဆီးရီးယားမှာ ဘာရှား အယ်လ်အာဆက် အစိုးရ (၂၄)နှစ်ကြာ အုပ်ချုပ်စဉ် ကာလမှာ လူပေါင်း (၃)သိန်းခွဲကျော်ကို သေဆုံးစေခဲ့ပြီး ဒီလူဦးရေဟာ ဆီးရီးယားမှာ ထိုစဉ်ကာလ လူဦးရေရဲ့ (၁.၆၇) ရာခိုင်နှုန်းထိ ရှိပါတယ်။ ဒီအာဏာရှင်နှစ်ဦးကြောင့် သေဆုံးခဲ့မှုတွေဟာ သူတို့ အုပ်ချုပ်စဉ်ကာလ (၂၄)နှစ်အတွင်းမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး တနှစ်ကို (၁၄၀၀၀ – ၂၁၀၀၀) ကြား ပမာဏ ပျမ်းမျှ ရှိခဲ့ပါတယ်။

မင်းအောင်လှိုင်မက်မောသော အလောင်းပုံထက်က အာဏာ

ယူနီဖောင်းချွတ် စစ်အာဏာရှင် မင်းအောင်လှိုင်ဟာလည်း အ‌ရှေ့အလယ်ပိုင်းက သူ့နောင်တော် အာဏာရှင်ကြီးများနည်းတူ အားကျမခံ လူသတ်ပွဲကြီးနဲ့ အာဏာတည်ဆောက်နေခဲ့တာ အခုအချိန်ထိပါပဲ။ အာဏာသိမ်းပြီးစကတည်းက ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးမှု၊ အတင်းအကြပ်ပျောက်ဆုံးစေမှုတို့ကို ဆက်တိုက် ကျူးလွန်ခဲ့ပါတယ်။

လက်နက်ကိုင်‌တော်လှန်ရေး အသစ်တွေ ပေါ်လာတဲ့အချိန်မှာ သူ့စစ်တပ်ဟာ ကျေးရွာတွေကို မီးရှို့တာ၊ ရွာသူရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူနေထိုင်ရာ အဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ရင်း အ‌ရှေ့အလယ်ပိုင်းက သူ့နောင်တော် အာဏာရှင်ကြီးများထက် လက်စောင်းထက်ကာ သူ့ရဲ့ အာဏာပလ္လင်ခိုင်ခံ့ရေး ပြည်သူ့အရိုးသွေးများဖြင့် တည်ဆောက်လျက် ရှိပါတယ်။

လက်ရှိ အချိန်ထိ နိုင်ငံတကာနဲ့ မြန်မာ အရပ်ဘက် အဖွဲ့အစည်းများက ပြုစုထားတဲ့ စာရင်းများအရ (၂၀၂၁) ခုနှစ် မင်းအောင်လှိူင် အာဏာစသိမ်းစဉ်ကတည်းက လက်နက်ကိုင် ပဋိပက္ခတွေအတွင်းနဲ့ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်မှုတွေကြား နှစ်ဘက်လုံးက သေဆုံးသွားသူ အရေအတွက်ဟာ (၇၅,၀၀၀) ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ သူအာဏာယူချိန် (၅)နှစ်အတွင်း သေဆုံးခဲ့တဲ့ အရေအတွက် ဖြစ်ပြီး တနှစ်ကို (၁၅,၀၀၀) ပတ်ဝန်းကျင် ရှိနေခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ မင်းအောင်လှိုင်ဟာ အရှေ့အလယ်ပိုင်းက အာဏာရှင်ကြီးများထက် ပိုမိုလက်စောင်းထက်နေကြောင်း ပေါ်လွင်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီ‌စောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူ အတည်ပြုထားတဲ့ စာရင်းအရ မင်း‌အောင်လှိူင် အာဏာစသိမ်းစဉ်ကတည်းက ယနေ့အချိန်ထိ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ ပြည်သူနဲ့ တက်ကြွလှုပ်ရှားသူ အတည်ပြု အရေအတွက်ဟာ (၈၀၅၅) ယောက် ရှိပြီး သေဆုံးကြောင်းအတည်မပြုနိုင်သေးသူ (၄၈၀၀) ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဂဏန်းတွေအရ နှစ်ဘက် တိုက်ပွဲတွေနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် နှစ်ဘက် သေဆုံးသူအရေအတွက်ဟာ ၆သောင်း‌ကျော်နီးပါး ရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီလောက် ပမာဏ များပြားတဲ့ အလောင်းပုံကြီးရဲ့အထက်ကနေ ရလာတဲ့ မီးကျိုးမောင်းပျက် ရုပ်ပျက်ဆင်းပျက် အာဏာကို မင်းအောင်လှိုင်ဟာ အခုအချိန်ထိ မြိန်ရေရှက်ရေ ဖက်တွယ် စားသုံးနေဆဲပဲ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ အဆုံးသတ်မလဲ။

အနာဂတ် ဗမာနိုင်ငံမှာ အာဏာရှင်စနစ် မပေါ်လာဖို့ အရေးကြီးကြောင်း (၁၉၄၅) ဩဂုတ်လတုန်းက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့တဲ့ မိန့်ခွန်း တစိတ်တပိုင်းကို စာရေးသူ သွားသတိရမိပါတယ်။

“တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စံနစ်ဆိုးတမျိုး ရှိနေယင် အများပြည်သူတို့ ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။

ဒီဝါဒမျိုးတွေ ပေါ်လာယင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။” ဗိုလ်ချုပ် စိုးရိမ်ခဲ့ပြီး အသေအချာမှာခဲ့တဲ့ စကားဟာ အခုအချိန်ထိ မှန်ကန်နေခဲ့ပြီး သူစိုးရိမ်ခဲ့တဲ့ အခြေအနေဟာလည်း (၂၀၁၀-၂၀၂၀) ကြား ဖားတပိုင်း ငါးတပိုင်း ဒီမိုကရေစီ (၁၀)နှစ်တာက လွဲလို့ (၁၉၆၂)ကနေ ယနေ့ (၂၀၂၆)ထိ အာဏာရှင်သုံးဆက်ရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို လူထုဟာ ခါးစည်းခံရင်း လွတ်လပ်ခြင်းတွေ ဆိတ်သုဉ်းနေဆဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေဟာ ဘယ်အထိ ဆက်သွားမလဲ။ လူထုနဲ့ တော်လှန်ရေး တပ်တွေဟာ အလောင်းပုံပလ္လင်ထက်က အာဏာရှင်မျိုးဆက်ကို မြန်မာနိုင်ငံမှာ မမြင်ရတော့အောင် ဘယ်အချိန်မှာ အောင်ပွဲဆင်နိုင်မလဲဆိုတာကတော့ အခုအချိန်ထိ အဖြေမရှိသေးသော ဝမ်းနည်းစရာ မေးခွန်းတခု ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

စာတည်း-ကိုဆန်းအလောင်းပုံထက်က အာဏာကို ဖက်တွယ်ခုံမင်ခြင်း

26 May 2026 By Mon Lay / MPA (ဆောင်းပါး)

စာတည်း-ကိုဆန်း