စမ်းချောင်းမြို့နယ်နေ KBZpay Center တာဝန်ခံ ပျောက်ဆုံး၊ ပေါ်တာဆွဲခံရဟုဆို

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်နေ KBZpay Center တာဝန်ခံတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

KBZpay Center (Time Mall)တာဝန်ခံ အသက်၂၇နှစ်အရွယ်ရှိ ကိုရှိုင်းအောင်ထွန်းသည် ဇွန်လ တစ်ရက်၊နံနက်ပိုင်းတွင် ၎င်း၏အိမ်မှ အလုပ်သို့ ထွက်ခွာသွားပြီးနောက် အိမ်ပြန်မရောက်တော့ ကြောင်း ၎င်း၏အစ်မဖြစ်သူက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှ ထုတ်ပြန်ကာ အကူအညီတောင်းခံ ထားသည်။

၁ ရက်နေ့ ၆ လ ၂၀၂၆ မှာ အလုပ်သွားဖို့ထွက်သွားရာက ပုံမှန်ပြန်လာနေကျ ညနေ၅နာရီ အလုပ် ဆင်းချိန်အိမ်ပြန်မရောက်လာခဲ့ဘဲ ဖုန်းစက်ပိတ်အနေအထားနဲ့ ဒီနေ့ထိ အဆက်အသွယ်မရပါ။ သူ့ရုံးကပြောတာ အလုပ်ကိုတော့ ရောက်မလာခဲ့ဘူးပြောပါတယ်”ဟု ၎င်း၏အစ်မဖြစ်သူ Thaw Thazin Moe က ဆိုသည်။

ကိုရှိုင်းအောင်ထွန်းသည် အလုပ်ကလွဲ၍ အခြားနေရာသို့ သွားလေ့သွားထရှိသူမဟုတ်ကြောင်း လည်း သိရသည်။

“အသေအချာပြောနိုင်တာကတော့ ပေါ်တာဆွဲခံရတာပါ။ရန်ကုန်မှာ ပေါ်တာဆွဲတာက စစ်တပ်၊ရဲ၊ အုပ်ကြီးနဲ့ပျူပေါ့။ပြီးတော့ စစ်တပ်နဲ့ ချိတ်ထားပြီး ပေါ်တာဆွဲရောင်းစားနေတဲ့သူတွေလည်း ရှိသေး တယ်။သူတို့အားလုံးက စစ်မှုထမ်းအတွက် လူဖမ်းရောင်းနေကြတာ”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ် က MPAသို့ပြောသည်။

ရန်ကုန်မြို့တွင် ပေါ်တာ အယောင်ဆောင်ကာ လူပြန်ပေးဆွဲသည့်ဂိုဏ်းများလည်း ရှိနေပြီး လူပြန် ပေးဆွဲသူများဆိုပါက မိသားစုဝင်တို့ထံ ဆက်သွယ်ကာ ငွေတောင်းရမ်းလေ့ရှိကြောင်း ၎င်းက ဆက် လက်ပြောသည်။