နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်မာသည့်သက်သေပြရန် လှုပ်ရှားမှု Proof of Life ကမ်ပိန်းကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်မာသည့် သက်သေပြရန် နိုင်ငံတကာနှင့် မြန် မာပြည်သူတို့၏ တောင်းဆိုမှုကို စစ်အုပ်စုက လျစ်လျူရှုနေသောကြောင့် ကင်ပိန်း အရှိန်မြှင့်မည်ဖြစ် ကြောင်း All In One Movement က သတင်းထုတ်ပြန်သည်။
စစ်အုပ်စုက မသိကျိုးကျွန် ပြုလုပ်နေသောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာပြည်သူတို့ ကြား စိုးရိမ်ပူပန်မှု ပိုမိုမြင့်တက်သွားစေသည်ဟုလည်း ထုတ်ပြန်ထားသည်။
“ကုလသမဂ္ဂအထူးကိုယ်စားလှယ်က စစ်တပ်ရဲ့ အကြမ်းဖက်နေမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ကုလသမဂ္ဂမှာ ဖွင့်ချလိုက်တာက မင်းအောင်လှိုင်ကိုရော မင်းအောင်လှိုင်ကို တရား ဝင်မှုပေးဖို့ အားထုတ်နေတဲ့သူတွေကိုပါ ဖိအားဖြစ်စေတယ်”ဟု နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ဇွန်၁၉ရက်၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishopက အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ၌ မြန်မာ့ငြိမ်းချမ်းရေးသည် ဒေါ်အောင် ဆန်းစုကြည်ကို ဖမ်းဆီးထားသရွေ့ ရှေ့သို့ ရောက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သလို ဒေါ် အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
Proof of Life ကမ်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဦး ဆောင်ကာ ဧပြီ၂၁ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒေါ်အောင်ဆန်းစု ကြည်ကို မိသားစု သို့မဟုတ် ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခွင့်ပြုရန်နှင့် ချက်ချင်းလွှတ်ပေးရန် တောင်းဆို ခဲ့သော်လည်း စစ်အုပ်စုက အရေးမစိုက်ပေ။
