By MPA
စစ်အုပ်စု အာဏာ သက်ဆိုးရှည်ရေးအတွက် တရုတ်အစိုးရ၏ ထောက်ခံမှုရရှိရန် မြန်မာနိုင်ငံ၏ သယံဇာတနှင့် လဲလှယ်ရောင်းချနေကြောင်း Defend Myanmar Democracy က မှတ်ချက်ပြုသည်။
တရုတ်ဧကရာဇ် ရှီကျင့်ဖျင်ထံ အခစားဝင်သည့် နေပြည်တော်ဘုရင်ခံ မင်းအောင်လှိုင်၏ တရုတ် ခရီးစဉ်သည် ဇွန်၁၆ရက်မှ ၁၉ရက်အထိဖြစ်ပြီး ယင်းခရီးစဉ်သည် တရားမဝင်စစ်အုပ်စုကို နိုင်ငံတ ကာစင်မြင့်ပေါ်သို့ တွန်းတင်နိုင်ရန် စီစဉ်နေသော တရုတ်အစိုးရ၏ ကြံစည်မှုတစ်ရပ်ဖြစ်ကာ တစ်ချိန်တည်းမှာပင် တရုတ်အစိုးရသည် မြန်မာနိုင်ငံ၏ မြေယာ၊ သယံဇာတနှင့် ကုန်သွယ်ရေး လမ်းကြောင်းများမှ အကျိုးအမြတ်များရရှိရန် သဘောတူညီချက်များ ရယူနေပြီး မြန်မာနိုင်ငံအပေါ် ၎င်း၏ချုပ်ကိုင်မှုကို ပိုမိုတင်းကျပ်လာစေကာ ပထဝီနိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုနယ်ပယ်ကိုလည်း ချဲ့ထွင်လျက်ရှိကြောင်း Defend Myanmar Democracy က ထုတ်ပြန်သည်။
စစ်အုပ်စုသည် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားရန်နှင့် ၎င်းတို့၏ အာဏာရှင်စနစ်ကို ပိုမိုခိုင် မာစွာ တည်ဆောက်နိုင်ရန်အတွက် တရုတ်အစိုးရ၏ အကူအညီနှင့်ထောက်ခံမှု ရရှိရေး ကြိုးပမ်း ရာတွင် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် သယံဇာတများကို လဲလှယ်ရောင်းချနေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
မြန်မာစစ်အုပ်စုသည် တရုတ်အစိုးရက ထောက်ပံ့ထားသော လက်နက်ခဲယမ်းများဖြင့် ပြည်သူအပေါ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် တရုတ်အစိုးရသည် စစ်အုပ်စုကို ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံပြုထားပေးပြီး ၎င်းတို့အတွက် နိုင်ငံရေးတရားဝင်မှု ရရှိစေ ရန်လည်း ဖန်တီးကူညီပေးလျက်ရှိကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုကို အသိအ မှတ်ပြုရန် ငြင်းဆန်ရမည်ဖြစ်ပြီး၊ မြန်မာပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်ကာ ရက်စက်ကြမ်း ကြုတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုအား တရုတ်နိုင်ငံက လက်နက်တပ်ဆင်ပေးနေခြင်းကို ရပ်တန့်အောင်လည်း တားဆီးကြရမည်ဟု Defend Myanmar Democracy က ဆိုသည်။
