မင်းအောင်လှိုင်ကိုယ်တိုင် ဓားကြိမ်းကြိမ်းနေသဖြင့် ထိုင်းမှ မှောင်ခိုတင်သွင်းသော ပစ္စည်းများမှာ မွန်ပြည်နယ်တွင် ပိတ်မိနေကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို မင်းအောင်လှိုင်အမိန့်အရ နေပြည်တော်က အာရုံစိုက်ကိုင် တွယ်နေခြင်းကြောင့် ထိုင်းမှ တရားမဝင်တင်သွင်းသော ကုန်စည်များမှာ ပဲခူးတိုင်း၊ဝေါမြို့နယ်အ တွင်းရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို လုံးဝဖြတ်မရဖြစ်နေကြောင်း မော်လမြိုင်မြို့၊ပြည်နယ်အုပ် ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
“တစ်လကျော်ပြီ။မော်လမြိုင်နဲ့ တခြားမွန်ပြည်နယ်မြို့တွေမှာ ပိတ်မိနေတာပေါ့၊နာမည်တော့ မပြော တော့ဘူး။ပိတ်မိနေတယ်။ညောင်ခါးရှည် အခြေအနေစောင့်ကြည့်နေကြတယ်”ဟု ၎င်းက MPAသို့ ပြောသည်။
မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် လုံနယ်ဝန်ကြီး (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)ဗိုလ်မှူးကြီးကျော်စွာမြင့်သည် လိုင်းကြေးရယူကာ မှောင်ခိုရာဇာ ပြုလုပ်နေ သောကြောင့် မြဝတီနှင့် ဘုရားသုံးဆူဘက်မှ ဝင်လာသော လိုင်စင်မဲ့ ထိုင်းကုန်စည်များမှာ မွန်ပြည် နယ်အတွင်းသို့ ရောက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းကြောင်းရှိတယ်။ မြဝတီ-ကော့ကရိတ်လမ်းကနေ မော်လမြိုင်ဝင်တာ ရှိတယ်။သထုံဘက်ဝင်တာ ရှိတယ်။ကရင်ကနေ မွန်အဝင်လမ်းကြောင်းတွေကို လုံနယ်ဝန်ကြီးက ကိုင်ထားတယ်။လိုင်းကြေးယူပြီး ဖွင့်ပေးနေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မွန်ပြည်နယ်အထိသာ လိုင်စင်မဲ့ကုန်ပစ္စည်းများ ရောက်ရှိနေသည့်အခြေအနေအရ စားသေက်ကုန် ပစ္စည်းအဝင်မရှိတော့ဘဲ ကားတာယာ၊စက်ပစ္စည်း၊အဝတ်အထည်နှင့် လျှပ်စစ်ပစ္စည်းတို့သာ ဝင် တော့ကြောင်း သိရသည်။
“အခု ထိုင်းကနေ အောက်လမ်းတွေက လုံးဝမရဘူး။မအလက လုပ်ငန်းရှင်တွေကို သွင်းကုန်လိုင်စင် လည်း ချမပေးဘူး။အောက်လမ်းကနေလည်း သွင်းလို့မရဘူး”ဟု ရန်ကုန်အခြေစိုက် အီလက်ထရော နစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဇူလိုင်၆ရက်နှင့် ၄ရက်တို့တွင် မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ခဲမောက်ရွာအနီးရှိ KNU/PDF အကာအ ကွယ်ယူထားသည့် တရားမဝင်ကုန်သိုလှောင်ရုံကို စစ်တပ်က ဝင်ရောက်ရှင်းလင်း သိမ်းပိုက်ခဲ့ရာ ကားတာယာနှင့် မီးဖိုချောင်သုံးပစ္စည်းများ သိမ်းဆည်းမိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရတုမီဒီယာ ရာမညတိုင်းမ်က ဖော်ပြထားသည်။
သထုံမြို့ စစ်ရေးသတင်းရင်းမြစ်ကမူ “ခဲမောက်ရွာ၊တက်တူးကုန်းဘက်ကို ဝင်တာ။အဲဒီနေရာက ကေအဲန်ယူ အပြည့်အဝ ထိန်းချုပ်ထားတဲ့နယ်မြေတော့ မဟုတ်ဘူး။ခဲမောက်က ဘီးလင်းမြို့နဲ့ နီး တဲ့ရွာ။ဘီလင်းအမြောက်တပ်နဲ့လည်း နီးတယ်”ဟု ပြောသည်။
နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုဖြစ်စေသည့် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက် မည်ဟု သမ္မတတုမင်းအောင်လှိုင်က ဇူလိုင်၇ရက် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
