MPA ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲကြိုခန့်မှန်းချက်များ

“အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ ခက်ခဲစွာနဲ့ နောက်တစ်ဆင့်တက်မယ့် မနက်ခင်း”

တစ်ပွဲပြီးတော့ နောက်တစ်ပွဲနဲ့ ပွဲကြီးပွဲကောင်းတွေကို နွှဲလာလိုက်ကြတာ ကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် နောက်ဆုံးနှစ်ပွဲကိုတောင် ရောက်လာခဲ့ပါပြီ။ မနက်ဖြန် စူပါဆန်းဒေးရဲ့ မနက်ပိုင်းမှာပဲ နှစ်ပွဲစလုံးကို အပြီးသတ်ကစားသွားဖို့ရှိနေပါတယ်။ နာမည်ကြီး အင်္ဂလန်နဲ့ နော်ဝေပွဲစဉ်၊ လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ဆွစ်ဇာလန်ပွဲစဉ်တွေကို ကစားသွားကြမှာပါ။ ဒီပွဲစဉ်တွေမှာ ဘယ်အသင်းတွေ နောက်တစ်ဆင့်ကို ဘယ်လိုတက်သွားကြမလဲ။ ကြေးလိုင်းတွေက ဘယ်လိုရှိမလဲ။ ဂိုးပေါ်မလား၊ ဂိုးအောက်လား စတဲ့အသေးစိတ်အချက်အလက်တွေနဲ့အတူ ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ခန့်မှန်းပေးသွားပါ့မယ်။

 နော်ဝေနဲ့ အင်္ဂလန်

ပွဲချိန် – ဇူလိုင် ၁၂ ရက်၊ မြန်မာစံတော်ချိန် နံနက် ၃ နာရီခွဲ

၁၆ သင်းအဆင့်မှာ နော်ဝေအသင်းဟာ ဘရာဇီးလ်ကို အံ့အားသင့်ဖွယ် ကျော်ဖြတ်ပြီး သမိုင်းဝင် ၈ သင်းအဆင့်ကို တက်လှမ်းလာခဲ့သလို အင်္ဂလန်ကလည်း အိမ်ရှင်မက္ကဆီကိုကို အသည်းအသန် ကစားပြီး အခုအဆင့်ကို ရောက်လာခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်တွေ အချင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲဖြစ်သလို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ အင်္ဂလန်နောက်တန်းတို့ရဲ့ တိုက်ရိုက်ရင်ဆိုင်မှုလည်း ဖြစ်ပါတယ်။

၁။ သမိုင်းကြောင်းတွေ့ဆုံမှု

သမိုင်းကြောင်းအရ အင်္ဂလန်က နော်ဝေအပေါ် မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပေမဲ့ အခု ၂၀၂၆ နော်ဝေအသင်းကတော့ အရင်အသင်းတွေနဲ့ မတူဘဲ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတာပါ။ နော်ဝေအတွက် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးဖြစ်ပြီး၊ အင်္ဂလန်အတွက်တော့ ‘Football is coming home’ အိပ်မက်ကို ဆက်အသက်သွင်းရမယ့် ပွဲဖြစ်ပါတယ်။

၂။ လက်ရှိလူစာရင်းနှင့် ခြေစွမ်းကွာဟမှု

နော်ဝေကတော့ ကွင်းလယ်ဖန်တီးရှင် မာတင် အိုဒီဂါတ်ရဲ့ ကွင်းလယ်ထိန်းချုပ်မှုကနေတစ်ဆင့် ဧရိယာထဲက ဂိုးသွင်းစက်ကြီး အာလင်း ဟာလန်းဆီကို Direct Pass တွေနဲ့ အဓိက ပုံဖော်ပါတယ်။ ဟာလန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ အဆုံးသတ်သေချာမှုက အင်္ဂလန်နောက်တန်းအတွက် ထိပ်တန်း အန္တရာယ်ပါပဲ။

သောမတ်စ် တူချယ်ရဲ့ အင်္ဂလန်ကတော့ ဘယ်လင်ဂမ်၊ ဆာကာ၊ ဟာရီကိန်းတို့လို ကြယ်ပွင့်တွေနဲ့ လူစာရင်း အတောင့်တင်းဆုံး ရှိနေပါတယ်။ ကွင်းလယ်ပိုင်း စိုးမိုးမှုနဲ့ တောင်ပံအမြန်နှုန်းတွေက နော်ဝေရဲ့ အားနည်းတဲ့ နောက်တန်းကို ဒုက္ခပေးဖို့ ပြင်ဆင်လာပါလိမ့်မယ်။

၃။ ဒေတာတွက်ချက်မှုနှင့် ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်

ဒီနှစ်သင်းအတွက် အင်္ဂလန် နိုင်ခြေက ၅၂ ရာခိုင်နှုန်းထိမြင့်နေတာတွေ့ရပါတယ်။ နော်ဝေ နိုင်ခြေကတော့ ၂၆ ရာခိုင်နှုန်းပဲပေးထားပြီး၊ မိနစ် ၉၀ အတွင်း သရေကျနိုင်ခြေ ၂၂ ရှိနေပါတယ်။

ကျွမ်းကျင်သူတွေကတော့ အင်္ဂလန်က ကစားကွက် ပိုမိုမျှတပေမဲ့ ဟာလန်းကို တစ်ပွဲလုံး ထိန်းချုပ်ဖို့ မဖြစ်နိုင်တာကြောင့် နော်ဝေ ဂိုးရသွားနိုင်ပါတယ်။ ကြေးလိုင်းမှာဆိုရင် အင်္ဂလန်က အနည်းငယ် အသာရနေပြီး ဂိုးပေါင်းလိုင်းမှာတော့ ‘ဂိုးပေါ်’ ဖြစ်ဖို့ ပိုရေပန်းစားနေပါတယ်။

၄။ MPA ရဲ့ ကောက်ချက်နဲ့ အနီးစပ်ဆုံး ရလဒ်ခန့်မှန်းချက်

နော်ဝေရဲ့ တိုက်စစ်က အင်္ဂလန်ကို ခြိမ်းခြောက်နိုင်မှာ သေချာပေမဲ့ အင်္ဂလန်ရဲ့ အရန်အင်အားတောင့်တင်းမှုနဲ့ ပွဲကြီးပွဲကောင်း အတွေ့အကြုံက စကားပြောသွားပါလိမ့်မယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားပိုများတဲ့ အင်္ဂလန်တို့ကပဲ နော်ဝေ ခံစစ်ပိုင်း အားနည်းချက်ကို အားယူပြီး မိနစ် ၉၀ အတွင်းမှာပဲ ကပ်နိုင်သွားဖို့ ရှိပါတယ်။

ရလဒ်ခန့်မှန်းချက် – အင်္ဂလန် ၂ – ၁ နော်ဝေ

 အာဂျင်တီးနားနဲ့ ဆွစ်ဇာလန်

ပွဲချိန် – ဇူလိုင် ၁၂၊ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲ

၁၆ သင်းအဆင့်မှာ အာဂျင်တီးနားဟာ အီဂျစ်ကို ၂ ဂိုးအရှုံးကနေ အသည်းအသန်နောက်ကနေလိုက်ကစားခဲ့ရတဲ့ အာဂျင်တီးနားတို့ကို ထပ်မံစမ်းသပ်မယ့် ဆွစ်ဇာလန်အသင်းက မက်ဆီတို့ရဲ့ ခါးသီးပြိုင်ဘက် ကိုလံဘီယာလို အသင်းကောင်းကို ပင်နယ်တီအဆုံးအဖြတ်ထိ အကောင်းဆုံးကစားပြီး ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာတာပါ။

၁။ သမိုင်းကြောင်းတွေ့ဆုံမှု

၂၀၁၄ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်တုန်းက ဒီနှစ်သင်း တွေ့ဆုံခဲ့ဖူးပြီး အာဂျင်တီးနားက အိန်ဂျယ် ဒီမာရီယာရဲ့ အချိန်ပို ၁၁၈ မိနစ် ဂိုးနဲ့ ဆွစ်ဇာလန်ကို အသည်းခွဲခဲ့ဖူးပါတယ်။ ဆွစ်ဇာလန်အတွက် ဒါဟာ ၁၂ နှစ်ကြာမှ ပြန်လည်ရရှိတဲ့ ကလဲ့စားချေပွဲဖြစ်ပြီး အာဂျင်တီးနားအတွက်တော့ ကမ္ဘာ့ဖလားကို ကာကွယ်ဖို့နဲ့ မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဇာတ်စင်ကို လှပစေဖို့ပဲ ဖြစ်ပါတယ်။

၂။ လက်ရှိလူစာရင်းနှင့် ခြေစွမ်းကွာဟမှု

ဂျီးနီးယက်စ် မက်ဆီရဲ့ ကွင်းလယ်/တိုက်စစ် လွှမ်းမိုးမှုနဲ့အတူ အယ်ဗာရက်ဇ်၊ မက် အယ်လစ္စတာတို့ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်အင်ဂျင်တွေက အလုပ်လုပ်နေပါတယ်။ အသင်းရဲ့ စုဖွဲ့မှုနဲ့ တစ်ဦးကိုတစ်ဦး ပေးဆပ်ကစားမှုက ချန်ပီယံ DNA အပြည့် ရှိနေဆဲပါ။

ဂျာကာ ဦးဆောင်တဲ့ ဆွစ်ဇာလန်ကတော့ ဥရောပရဲ့ အစနစ်ကျဆုံး အသင်းတစ်သင်းဖြစ်ပြီး Low-block ခံစစ်ကစားရာမှာ အလွန်မာကျောပါတယ်။ အမ်ဘိုလိုရဲ့ တိုက်စစ်ရုန်းအားနဲ့အတူ ကွင်းလယ်ကနေ ဘောလုံးဖြတ်တောက်ပြီး လျှပ်တပြက် ကောင်တာထွက်တာ အလွန်ထိရောက်ပါတယ်။

၃။ ဒေတာတွက်ချက်မှုနှင့် ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်

ဒီပွဲအတွက် အာဂျင်တီးနား နိုင်ခြေက ၅၆ ရာခိုင်နှုန်း၊ ဆွစ်ဇာလန် နိုင်ခြေ ၁၉ ရာခိုင်နှုန်း၊ မိနစ် ၉၀ အတွင်း သရေကျနိုင်ခြေ ၂၅ ရာခိုင်နှုန်းရှိနေပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဆွစ်ဇာလန်ဟာ အာဂျင်တီးနားကို မိနစ် ၉၀ အတွင်း ဂိုးမရှိသရေဖြစ်အောင် ပိတ်ဆို့ဖို့ ဗျူဟာခင်းလာမှာ သေချာပါတယ်။ ကြေးလိုင်းမှာ အာဂျင်တီးနားက အပြတ်အသတ် အလေးသာနေပြီး ဂိုးပေါင်းလိုင်းမှာတော့ ‘ဂိုးအောက်’ လိုင်းက အလွန်ရေပန်းစားနေပါတယ်။

၄။ MPA ရဲ့ ကောက်ချက်နဲ့ အနီးစပ်ဆုံး ရလဒ်ခန့်မှန်းချက်

ဆွစ်ဇာလန်ရဲ့ မာကျောတဲ့ ခံစစ်ကြောင့် အာဂျင်တီးနားတို့ ပွဲအစပိုင်းမှာ ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမဲ့ ပွဲကစားချိန် ကြာလာတာနဲ့အမျှ မက်ဆီရဲ့ လျှပ်တပြက် အလိမ်အခေါက် သို့မဟုတ် Free-kick တစ်လုံးက ပွဲကို အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။ ဆွစ်ဇာလန် ခံနိုင်ရည်ဟာ မိနစ် ၈၀ နောက်ပိုင်းမှာ ပြိုလဲသွားနိုင်ပါတယ်။ အာဂျင်တီးနားတို့ ခက်ခက်ခဲခဲကစားပြီး နောက်တစ်ဆင့်တက်သွားနိုင်ပါတယ်။

ရလဒ်ခန့်မှန်းချက် – အာဂျင်တီးနား ၁ – ၀ ဆွစ်ဇာလန် (မိနစ် ၉၀ အတွင်း ပွဲပြတ်သွားဖို့ များပါတယ်)