စစ်စည်းကမ်း၊ အမိန့်နာခံမှုနှင့် စိတ်ဓာတ်ခိုင်မာသူတို့ကို PDF သင်တန်းသားသစ်အဖြစ် ဖိတ်ခေါ်

ဓာတ်ပုံ-တောင်ညိုတပ်ရင်း

စစ်စည်းကမ်း၊ အမိန့်နာခံမှုနှင့် စိတ်ဓာတ်ခိုင်မာသူတို့ကို PDFသင်တန်းသားသစ်အဖြစ် တောင်ညို တပ်ရင်းက ဖိတ်ခေါ်လိုက်သည်။

တော်လှန်ရေး ဒီရေမြင့်တက်နေသည့် လက်ရှိအခြေအနေတွင် တောင်ညိုတပ်ရင်းသည် ပိုမိုခိုင်မာ တောင့်တင်းသော တပ်ဖွဲ့တစ်ခုအဖြစ်သို့ အဆင့်မြှင့်တင်ရန် ပြင်ဆင်နေပြီး တော်လှန်ရေးခရီးလမ်း၌ ပိုမိုအားကောင်းသည့် အင်အားစု ဖြစ်လာရန်အတွက် စိတ်အားထက်သန်သော ရဲဘော်သစ်များအား ဖိတ်ခေါ်ကြောင်း ထုတ်ပြန်သည်။

“ကျနော်တို့ လိုအပ်တာက “တိုက်ချင်တဲ့စိတ်” တစ်ခုတည်း မဟုတ်ပါဘူး “ဟု တောင်ညိုတပ်ရင်း က ဆိုသည်။

စစ်တပ်တစ်ခု၏ အသက်သည် စည်းကမ်းဖြစ်သောကြောင့် တပ်ဖွဲ့ စည်းမျဉ်းစည်းကမ်းများကို အ သက်ထက်မြတ်နိုးပြီး တိတိကျကျ လိုက်နာနိုင်သူ။သင်တန်း၊ နေထိုင်မှု၊ နှင့် တာဝန်ထမ်းဆောင်မှု အားလုံးမှာ စနစ်တကျရှိပြီး အမိန့်နာခံမှု ကောင်းမွန်သူ နှင့် တော်လှန်ရေးခရီးလမ်း၌ ကြုံတွေ့ရမည့် အခက်အခဲများကို စိတ်မပျက်ဘဲ အဆုံးထိ တိုက်ပွဲဝင်လိုသည့် ပြတ်သားသော စိတ်ဓာတ်ရှိသူတို့ကို သင်တန်းသားသစ်အဖြစ် ဖိတ်ခေါ်ကြောင်း ဆိုသည်။

“PDF တွေထဲမှာ လိုအပ်ချက်တွေ ရှိနေသေးပေမဲ့ စည်းကမ်းကြီးပြီး အမိန့်နာခံမှုအားကောင်းတဲ့ စစ် တပ်တစ်တပ်အဖြစ် အခိုင်အမာတည်ဆောက်နေတာကိုလည်း တော်တော်တွေ့လာရတယ်။ဒါဟာ တော်လှန်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတွေလို့ မြင်တယ်။အခုတောင်ညိုတပ်ရင်းက ပြောထား သလိုပဲ။တော်လှန်ရေးတပ်ကို တိုက်ခိုက်ချင်စိတ်တစ်ခုတည်းနဲ့ သွားလို့မရဘူး”ဟု နယ်စပ်ဒေသအ ခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။

PDF သင်တန်းသားသစ်များကို လက်နက်ငယ်၊ လက်နက်ကြီးနှင့် ဗျူဟာမြောက် စစ်ပညာများ စနစ် တကျ သင်ကြားပေးမည်ဟု သိရသည်။

ထို့အပြင် ခေတ္တအနားယူနေသူ သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နှင့် ဝေးကွာနေသော ရဲဘော်ဟောင်းများအားလုံးကိုလည်း ပြန်လည်ကြိုဆိုကြောင်းလည်း တောင်ညိုတပ်ရင်းက ဖိတ် ခေါ်ထားသည်။