မကွေးဖက်ဒရယ်ယူနစ် ယာယီကာကွယ်ရေးစစ်ကြောင်းသစ် ၃ခု ထပ်မံဖွဲ့စည်း

ဓာတ်ပုံ-ကာကွယ်ရေးဝန်ကြီးဌာန၊ ကြားကာလ မကွေး ဖက်ဒရယ်ယူနစ်အစိုးရ ပုံစာ-ဇွန်လအတွင်း အောင်ပွဲခံခဲ့သော အညာမြေစစ်ဆင်ရေး။

By MPA

မကွေးဖက်ဒရယ်ယူနစ်အတွင်း ယာယီကာကွယ်ရေးစစ်ကြောင်းသစ် ၃ခုကို ထပ်မံဖွဲ့စည်းလိုက် ကြောင်း သိရသည်။’

ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် မိမိတို့နယ်မြေအတွင်း လက်တလော ဖြစ်ပေါ်နေသော ရန်သူ့စစ်ကြောင်းများ၏ ကျူးကျော်တိုက်ခိုက်မှုများကို ပိုမိုထိ ရောက်စွာ ခုခံတွန်းလှန်နိုင်ရန်၊ စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို အလေးထား ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပခုက္ကူမြို့နယ် အခြေစိုက် စစ်ကြောင်း၉ ၊ပေါက်မြို့နယ် အခြေစိုက် စစ်ကြောင်း၁၁နှင့် ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကြောင်း ၁၃တို့ကို ထပ်မံဖွဲ့စည်းလိုက် ကြောင်း ဇူလိုင်၁၄ရက်က သတင်းထုတ်ပြန်သည်။

စစ်ကြောင်းသစ် ၃ ကြောင်းသည် ယခင်ဖွဲ့စည်းပြီးဖြစ်သော ယာယီကာကွယ်ရေးစစ်ကြောင်း ၆ ကြောင်းနှင့် လက်တွဲပူးပေါင်းလျက် အကြမ်းဖက်စစ်တပ်၏ ရန်စွယ်ကို စုစည်းညီညွတ်စွာဖြင့် ခုခံတွန်းလှန်သွားမည် ဖြစ်ကြောင်း ဆိုသည်။

လိုအပ်ချက်များအရ စစ်ရေး၊ နိုင်ငံရေးအရ ဆက်လက်စုဖွဲ့မှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ကြားကာလ မကွေး ဖက်ဒရယ်ယူနစ်အစိုးရက ထုတ်ပြန်သည်။