By MPA
ဇွန်လအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် ၆၅၀ခန့်ကို တော်လှန်ရေးတပ် သုတ်သင်နိုင်ခဲ့ကြောင်း NUGအစိုးရ၊ကာကွယ်ရေး ဝန်ကြီးဌာန-MOD က ထုတ်ပြန်သည်။
ဇွန်လအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် ၆၄၄ဦး သေဆုံးပြီး ၂၀၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင်၁၅ရက်ည တွင် MOD က ထုတ်ပြန်ထားသည်။
စစ်အုပ်စု အရာရှိ သေဆုံး၊ဒဏ်ရာရနှင့် ဖမ်းမိ စုစုပေါင်းမှာ ဇွန်လအတွင်း အယောက်၂၀ရှိကြောင်း သိရသည်။
ဇွန်လအတွင်း ရန်သူစခန်းသိမ်းပိုက်ရရှိမှု ၉ကြိမ်၊ ရန်သူစခန်းတိုက်ခိုက်မှု ၁၅ကြိမ်နှင့် ရန်သူစစ်ရ ဟတ်ယာဉ်ကို တိုက်ခိုက်မှု တစ်ကြိမ်ရှိခဲ့ကြောင်း MOD ကဆိုသည်။
ဇွန်လအတွင်း စစ်အုပ်စု အကြမ်းဖက်မှုကြောင့် အရပ်သား ၃၄၀ သေဆုံးခဲ့ပြီး ၃၇၁ဦး ဒဏ်ရာရရှိကာ ကလေးသူငယ်သေဆုံးမှု ၃၄ဦး၊ နေအိမ်ပျက်စီးမှု ၁၂၅၅လုံးနှင့်ဘာသာရေးအဆောက်အအုံ၉လုံး ပျက် စီးခဲ့ကြောင်း သိရသည်။
