စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ကျီကုန်းလမ်းပေါ်တွင် ငွေတောင်းရမ်းနေသော စစ်သားနှင့် ပျူစောထီးတို့ကို ပကဖ တိုက်ခိုက်ခဲ့ရာ ၅ဦးသေဆုံးပြီး ၈ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ပကဖအသံက သတင်းထုတ်ပြန်သည်။
ကန့်ဘလူမြို့နယ်၊ကာဘိုးတိုက်နယ်ရှိ စစ်စခန်းမှ ကျီကုန်းလမ်းသို့ ထွက်ကာ ခရီးသွားပြည်သူများ ထံ နေ့စဉ် ဆက်ကြေးကောက်နေသည့် စစ်သားနှင့် ပျူ ၂၂ဦးခန့်ကို ယနေ့(ဇူလိုင်၁၇ရက်)နံနက် ၆နာရီခွဲခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကာဘိုးစစ်စခန်းအနီး မီတာ ၂၀၀ ခန့်အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး G3 သေနတ်တစ်လက်၊ ကာဘိုင်တစ်လက်၊ အိုက်ကွန်တစ်လုံး၊ကျည်ဘောက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ တပ်ခွဲ ၄၊ တပ်ခွဲ ၅၊ ကာဘိုးတိုက်နယ် ပကဖ၊ ဇီးကုန်း တိုက်နယ် ပကဖ၊ စစ်ကိုင်းတိုင်း ပကဖ တပ်ရင်း ၄ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲ ဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပကဖအသံက ထုတ်ပြန်ထားသည်။
