မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်း PDF တို့၏ တိုက်ခိုက်မှုကြောင့် စစ်သား၅ဦးသေဆုံးပြီး ဒဏ်ရာရသူလည်း များကြောင်း မြင်းခြံခရိုင် အမှတ်၄တပ်ရင်းက ယနေ့ (ဇူလိုင်၁၈ရက်) သတင်း ထုတ်ပြန်သည်။
ဇူလိုင်၁၇ရက်၊နံနက်၇နာရီ ၄၆မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ် ၊ ပြင်စည်ရဲစခန်း ၊ စာသင်ကျောင်း နေရာနှင့် ထိမ္ဘလားရွာတို့ရှိ စစ်သားများကို ပြောက်ကျားဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နံနက်၇နာရီ မိနစ်၄၀ခန့်တွင် နွားထိုးကြီးမြို့နယ် ၊ ခက်လန်းရွာရှိ စစ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက် ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်စဉ်ကိုတော့ မသိသေးဘူး။ပြင်စည်ရဲစခန်းက အမြန်လမ်းနဲ့ သိပ်မဝေးဘူး။အဲမှာ စစ် သားနဲ့ရဲ ၂၀၊၃၀ လောက် ထိုင်တယ်လို့ သိထားတယ်။ထိမ္ဘလားရွာက နွားထိုး-ပြင်စည်-မြစ်သားလမ်း ပေါ်မှာ”ဟု မြင်းခြံခရိုင် စစ်ရေးသတင်းရင်းမြစ်က MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် ၄တပ်ရင်းနှင့် အမှတ် ၁၀တပ်ရင်း တို့ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ဒရုန်းတစ်စင်းလည်း သိမ်းဆည်းမိခဲ့ကြောင်းလည်း ဆိုသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
