အမ်း နပခကို သိမ်းပိုက်ပြီး နောက်ဆုံးမြင်ကွင်းကို AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး စစ်ကောင်စီတပ်သားအများအပြား လက်နက်ချခြင်းနှင့်အတူ ဌာနချုပ်မီးလောင်ပျက်စီးနေသည့် ရုပ်သံဖိုင်တစ်ခုကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၁၈ ရက်၊ နံနက်အစောပိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါရုပ်သံဖိုင်အတွင်း အလံဖြူထောင်ပြီး တန်းစီထွက်လာသည့် ဒဏ်ရာရစစ်ကောင်စီတပ်သားအများအပြားကို တွေ့ရှိခဲ့ရသလို မီးလောင်ပျက်စီးနေသည့် ဌာနချုပ်ကိုလည်း မြင်တွေ့ရသဖြင့် ယင်မြင်ကွင်းမှာ အမ်းနပခ၏ နောက်ဆုံးမြင်ကွင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။