ရန်ကုန်မြို့က ဒေဝါလီည

ရန်ကုန်မြို့လယ်ရှိ ဟိန္ဒူဘုရားကျောင်းများတွင် ဒေဝါလီပွဲတော်တွင် ဟိန္ဒူဘာသာဝင်များက မိသားစုလိုက် လာရောက်ကာ ပူဇော်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်နေကြသည်။

ဒီဝါလီ သို့မဟုတ် ဒီပါ၀လီ သည် ဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲတော် ဖြစ်ကာ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလတွင် ကျင်းပလေ့ရှိသည်။

ဒီပါ၀လီပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ ပွဲတော်များထဲမှ အကျော်ကြားဆုံးတစ်ခု ဖြစ်သည်။

ပွဲတော်ကျင်းပသည့် ကာလတွင် ဘုရားကျောင်းများ၊ လူနေအိမ်များ၊ ဈေးဆိုင်များနှင့် အများပြည်သူနှင့်ဆိုင်သည့် အဆောက်အအုံများတွင် မီးတို့ကို လှပစွာ ထွန်းကြသည်။