ဗုံးကြဲခံရသဖြင့် KIA နှင့် PDF ၃၀ သေဆုံး၍ ၅၀ ဒဏ်ရာရဆိုသည့် သတင်းအတု

KIA တပ်ရင်း ၆ သင်တန်းပေးရာ နေရာ ဗုံးကြဲခံရသဖြင့် KIA နှင့် PDF ၃၀ သေဆုံးခဲ့ပြီး ၅၀ ဒဏ်ရာရဆိုသည့် သတင်းအတု ဖေ့ဘွတ်ခ်နှင့် တယ်လီဂရမ်တွင် ပျံ့နှံ့လျက်ရှိသည်။

“အောင်ဇော်မိုး ဖားကန့်” အမည်ရှိ ဖေ့ဘွတ်ခ်အကောင့်က ၂၀၂၅ အောက်တိုဘာ ၂၁ရက် မွန်းလွဲပိုင်းတွင် “ရင်း ၆ နေရာ သင်တန်းပေးနေတဲ့နေရာ ကျရောက် ပေါက်ကွဲ အဆောက်အဦးတွေရော ပျက်စီး အရာရှိ အပါ ၃ဝ ဝန်း ကျင် သေဆုံးပြီး အယောက် ၅ဝ ခန့် ဒဏ်ရာရရှိ”ဟု (မူရင်းရေးသားချက်) ဖြန့်ဝေထားသည်။

သတင်းအတု ဖြန့်ဝေထားသော လင့်ခ် – https://archive.ph/7QbmM

ထိုသို့ ဖြန့်ဝေထားမှုအား အောက်တိုဘာ ၂၁ရက် ည ၈နာရီအထိ Like and react ပေးသူ ၄၄၀၀ကျော်၊ မှတ်ချက် ရေးသားသူ ၂၃၀ကျော်ရှိပြီး မျှဝေသူ ၁၂၀ကျော်အထိရှိနေသည်။

ထို့အပြင် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက ကူးယူဖြန့် ဝေကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

24 Hour News – https://archive.ph/7QbmM
Ka Ka Han – https://archive.ph/EL8QZ
ရွှေဘ – https://archive.ph/aFrkv

ပျံ့နှံ့နေသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာဖြစ်သော MPA က အချက်အလက်စစ်ဆေးရာ သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

Google တွင် “KIA တပ်ရင်း ၆ သင်တန်းပေးရာ နေရာ ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ ယုံကြည်စိတ်ချရသော သတင်းမီဒီယာများက သတင်းရေးသားဖော်ပြထားကြသည်။

Myitkyina News Journal , People’s Spring, Mizzima, The 74 Media တို့က သတင်းရေးသားထားသည်။

သတင်းများတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ KIA တပ်မဟာ (၉) ၊ တပ်ရင်း (၆) ဌာနချုပ်ကို စစ် ကော်မရှင် အောက်တိုဘာ ၂၁ရက် နံနက် ၇နာရီ ၃၀ကျော်တွင် လေကြောင်းမှ ဗုံးအလုံး ၄၀ ခန့် ကြဲချတိုက် ခိုက်ခဲ့ကြောင်း၊ စစ်ကော်မရှင်တပ် ဗုံးကြဲခဲ့သော နေရာသည် တပ်ရင်း ၆ နေရာဟောင်းဖြစ်သဖြင့် ထိခိုက် သေဆုံးသူမရှိကြောင်း ရေးသားဖော်ပြထားကြသည်။

သတင်းလင့်ခ်များ

Myitkyina News Journal – https://bitly.cx/uJT2E
People’s Spring – https://bitly.cx/H934S
The 74 Media – https://bitly.cx/5sHCf
Mizzima – https://bitly.cx/R6HDZ

Naw Tu Awng အမည်ရှိ ဖေ့ဘွတ်ခ်အကောင့်က တပ်ရင်း ၆ လေကြောင်းတိုက်ခိုက်ခံရမှုတွင် လူထိခိုက် သေဆုံးသူ မရှိကြောင်း ရေးတင်ထားသည်။

ရေးသားထားသောလင့်ခ် – https://bitly.cx/gHUy

သုံးသပ်ချက်

သတင်းမီဒီယာများတွင် စစ်ကော်မရှင်တပ်က ကချင်ပြည်နယ် ဖားကန့်ရှိ KIA တပ်မဟာ ၉၊ တပ်ရင်း ၆ဌာန ချုပ်ဟောင်းနေရာကို Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၄၀ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးကြဲခံရသော တပ်ရင်း ၆ ဌာနချုပ်ဟောင်းနေရာတွင် လူထိခိုက် သေဆုံးသူ မရှိကြောင်း သတင်းများအရ သိရသည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက KIA နှင့် PDF အရာရှိအပါအဝင် ၃၀ခန့် သေဆုံးပြီး ၅၀ခန့် ဒဏ်ရာရရှိဟု ဖြန့်ဝေထားခြင်းသည် ဖြစ်စဉ်အမှန်အား လိုရာဆွဲ၍ သတင်းအတု ဖြန့်ဝေထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza