မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်မည်ဆိုသော သတင်းအမှား

23 Oct 2025 By / MPA

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဆိုသော သတင်းအမှားများကို စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေလျက်ရှိသည်။

စစ်တပ်လော်ဘီ “Kyaw Swar” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ အောက်တိုဘာ ၂၀ရက် ညနေပိုင်းတွင် မလေး ရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် ၄၇ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အာဏာ သိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရ ကြောင်း သတင်းအမှားဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.ph/UwlYs

ထို့အပြင် မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်မည်ဖြစ်ကြောင်း အခြားသော စစ်တပ် ဝါဒဖြန့် ချန်နယ်များစွာက သတင်းအမှားများ ဖြန့်ဝေထားကြသည်။

သတင်းအမှားလင့်ခ်များ

ကာနယ်ချစ်ကောင်း – https://archive.ph/icP93
People Media – https://archive.ph/V8HEL
Min Din – https://archive.ph/FjZdT
Myanmar National Post – https://archive.ph/kjVEx

စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသောသတင်းအကြောင်းအရာကို MPA Fact-check team က အချက် အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သတင်းစိစစ်ချက်

Google တွင် “အာဆီယံထိပ်သီးအစည်းအဝေး မင်းအောင်လှိုင်” ဟု ရေးသားရှာဖွေရာ ယုံကြည်စိတ်ချရသော သတင်းမီဒီယာများတွင် ၄၇ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်တက်ရောက်ခွင့် မရ ကြောင်း ရေးသားဖော်ပြထားကြသည်။

DVB သတင်းတွင် ၄၇ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအလှည့်ကျ ဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါက အစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင် တက်ရောက်မည်မဟုတ်ကြောင်း သတင်းဌာနများသို့ အတည်ပြုဖြေကြားကြောင်း ရေးသားထားသည်။

သတင်းလင့်ခ် – https://bitly.cx/DssO

Western News တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးသို့ မဖိတ်ကြောင်း အောက်တိုဘာလ ၂၂ ရက်၌ သတင်းထောက်များကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားကြောင်း သတင်းရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/i3oJv

MPA တွင် အာဆီယံထိပ်သီးအစည်းအဝေး မတက်ရောက်ရသည့် မင်းအောင်လှိုင်ကို ဝါဒဖြန့်သူများက တက်ရောက်ရမည်ဟု အရှက်ပြေဖြန့်ဝေနေကြောင်း သတင်းရုပ်သံဖော်ပြထားသည်။

သတင်းလင့်ခ် အပြည့်အစုံ – https://bitly.cx/kxLNb

သုံးသပ်ချက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ၄၇ကြိမ် အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ အလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်က တက်ရောက်ခွင့်မပြုခဲ့ပေ။

စစ်တပ်ထောက်ခံသော ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ မင်းအောင်လှိုင်တက်ရောက်မည်ဟု ဖြန့်ဝေထားနေခြင်းသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza