အမေရိကန်အစိုးရ၏ မြန်မာအခြေစိုက် ကျားဖြန့်နှိမ်နင်းရေး၏ နောက်ကွယ်တွင် နက်နဲသည့်လျှို့ဝှက်ရည် ရွယ်ချက်တစ်ခု ရှိနိုင်ကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမေရိကန်ဖွဲ့စည်းထားသော Strike Force Burma အဖွဲ့သည် မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာနှစ်ခုကို စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်ဟု ဆိုထားသော်လည်း စစ်ဆင်ရေး မည်သို့ လုပ်ခဲ့သလဲဆိုသည်ကို မသိကြောင်းနှင့် မြေပြင်၌လည်း မတွေ့ကြောင်း ၎င်းက ပြောသည်။
“ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ KK Park ကဲ့သို့သော လိမ်လည်မှုနေရာများကို တိုက်ဖျက်ရန်အတွက် Royal Thai Police War Room Task Force နဲ့ အတူပူးပေါင်းဆောင်ရွက်ရန် ဗန်ကောက်ကို FBI agent များ စေလွှတ်ခဲ့သည်ဆိုတာလည်း ပါပါတယ်။ ဒါဟာ သူတို့(အမေရိကန်)ထုတ်ပြန်တဲ့ ၂မျက်နှာလောက်ရှိတဲ့ ထုတ်ပြန်ချက်ထဲက ကျွန်တော်တို့ ထုတ်နုတ် ပြီးပြောတာ ဖြစ်ပါတယ်။ ဒါတွေကို သုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ ခုနကပြောတဲ့ Online လိမ်လည်မှု၊ Online လောင်းကစားမှုတိုက်ဖျက် ရေးဆိုတာထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုရှိနေနိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်ရရှိပါတယ်”ဟု ဇော်မင်းထွန်းက ပြောသည်။
နိုဝင်ဘာ၁၈ရက်တွင် စစ်တပ်က ရွှေကုက္ကိုလ်နယ်မြေထဲသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ စိစစ်ဆဲ နိုင်ငံ ခြားသား ၃၄၆ဦး၊ဖုန်းအလုံးရေ တစ်သောင်းနီးပါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းမိခဲ့ကြောင်း ၎င်းက ပြောသည်။
“တစ်ဖက်နိုင်ငံကို ထွက်ပြေးမယ့်သူတွေကိုလည်း ကျွန်တော်တို့ ပိတ်ဆို့ဖမ်းဆီးလျက် ရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အွန်လိုင်းလိမ်လည်သည့် နိုင်ငံခြားသား ၉၉ဒဿမ၅ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင် ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
