မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့ရှိ ရွှေပင်ရွာကို PDF များ မီးရှို့ပြီးထွက်ပြေးဟုဆိုသော အကြောင်း အရာ စစ်ကော်မရှင်ထောက်ခံသည့် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“bone kyaw mg” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီ ၂၅ မိနစ်တွင် မကွေးတိုင်း၊ ဂန့် ဂေါခရိုင်၊ ပုံတောင်/ပုံညာကြား ကျောမြို့ရှိ PDF များ စုံစည်းရာ နေရာဖြစ်သည့် ရွှေပင်ရွာကို စစ်တပ်နှင့် ရဲ တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း၊ စစ်တပ်ရှင်းလင်းမှုကြောင့် PDF များက စစ်တပ်အား သိက္ခာချရန် ရွာကို မီးရှို့ကာ ထွက်ပြေးသွားကြကြောင်း၊ ရွာမှာ ရွာလုံးကျွတ်ပြာကျခဲ့ကြောင်း ရုပ်သံဖိုင်နှင့် တကွ ရေးသာဖြန့်ဝေထားသည်။
အဆိုပါ အကြောင်းအရာကို “Snow Queen, Ye Yint Htet (#yyh)” နှင့် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/VCCDk
Snow Queen – https://archive.ph/vGy9C
Ye Yint Htet (#yyh) – https://archive.ph/n5c0p
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို inVID video tools ဖြင့် စစ်ဆေးပြီး ရရှိလာသော keyframes များကို Google Lens တွင် ရှာကြည့်သည့်အခါ DVB က ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
DVB တွင် နိုဝင်ဘာ ၁၆ ရက်က မကွေးတိုင်း ကျောမြို့နယ်ကို စစ်ကော်မရှင်တပ် စစ်ကြောင်းတစ်ခုက ဝင် ရောက်ခဲ့ပြီး ရွှေပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း၊ မီး ရှို့ဖျက်ဆီးခံခဲ့ရသည့် ရွှေပင်ကျေးရွာရှိ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ၊ ရွှေပင်ရွာမှာ လူနေအိမ်ခြေ ၆၀ နီးပါး ရှိသည့် ရွာတစ်ရွာ ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/gTgwU
Google တွင် “ဂန့်ဂေါ ကျောမြို့ ရွှေပင်ရွာ မီးရှို့မှု” ဆိုသည့် စကားလုံးဖြင့် ရှာကြည့်သည့်အခါ “MPA, Zalen, Arakan Bay News” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် နိုဝင်ဘာ ၁၆ ရက်က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ရှိ ရွှေပင်ရွာကို စစ် တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ဘုန်းကြီးကျောင်းအပါအဝင် တရွာလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း၊ ကျောမြို့အခြေစိုက် ကပစ ၂၃ မှ ထွက်လာသည့် အင်အား ၁၀၀ ခန့် ပါဝင်သည့် စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်ခြေ ၆၀ ခန့် ရှိသည့် ရွာတွင် နေအိမ် ခြောက်လုံးခန့် သာ မီးမလောင်ဘဲ ကျန်ရစ်ခဲ့ကြောင်း၊ စစ်ကြောင်းထိုး၊ ရွာမီးရှို့သောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထ
ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ အသံများနှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
MPA – https://bitly.cx/5iPD
Zalen – https://bitly.cx/Q5Zk
Arakan Bay News – https://bitly.cx/MFOni
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ၊ ကျောမြို့ရှိ ရွှေပင်ရွာကို စစ်တပ်က စစ်ကြောင်းထိုး ပြီး ရွာမီးရှို့ခဲ့သဖြင့် ဘုန်းကြီးကျောင်းအပါအဝင် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ကြောင်း ရေးသားထား သည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ရွှေပင်ရွာကို PDF များက မီးရှို့ပြီး ထွက်ပြေး” ဆိုသော အကြောင်းအရာသည် သတင်းအတုဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
