အတုအယောင်ရွေးကောက်ပွဲမတိုင်မီ ပြည်သူကို အကြမ်းဖက်တိုက်ခိုက်မှု စစ်အုပ်စု အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း တစ်ကမ္ဘာလုံး နှုတ်ဆိတ်နေဟုဆို

ဓာတ်ပုံ-ကရင်နီလူ့အခွင့်အရေးအဖွဲ့
ပုံစာ- ယခုနှစ်အတွင်း ဖားဆောင်းမြို့၊မော်ချီးဒေသကို စစ်တပ်ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်ကွင်း

စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲမတိုင်မီ ပြည်သူကို အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန် မြှင့် လုပ်ဆောင်နေသော်လည်း တစ်ကမ္ဘာလုံးက နှုတ်ဆိတ်နေကြကြောင်း Fortify Rights က ဆိုသည်။

နိုင်ငံရေး၊စစ်ရေး အကျိုးအမြတ်ရရန်အတွက် စစ်အုပ်စုကျင့်သုံးနေသည့် စစ်ဗျူဟာမှာ အတုအ ယောင်ရွေးကောက်ပွဲမတိုင်ခင် အရပ်သားပြည်သူများကို ပိုမိုဖိနှိပ် အကြမ်းဖက်ခြင်းများအပြင် ဆေး ရုံနှင့်စာသင်ကျောင်းကဲ့သို့ အရေးကြီးသည့် အရပ်သားအဆောက်အအုံများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ် မှတ်ထား တိုက်ခိုက်ခြင်းမျိုး ဖြစ်ကြောင်း Fortify Rights မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကို စိုင်းအာကာက ပြောသည်။

“ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို တစ်ကမ္ဘာလုံးက ချက်ချင်းတားဆီး အရေးယူရ မယ့်အချိန်မှာ အားလုံးက စောင့်ကြည့်ပြီး နှုတ်ဆိတ်နေကြတယ်။ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးထားခြင်း က လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးရစေနိုင်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင်အ ခြားအဖွဲ့ဝင်နိုင်ငံတွေက စစ်အုပ်စုရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကို ဆက်လက်အထောက်အပံ့ဖြစ်စေတဲ့ လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုတွေကို ချက်ချင်းတားဆီးပိတ်ပင်သင့်တယ်။ထပ်မံဖြစ်ပွားနေဆဲ အ စုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူတွေကိုလည်း အပြစ်ပေးအရေး ယူသင့်ပါတယ်”ဟု ၎င်းက ပြောသည်။

စစ်အုပ်စုက အရပ်သားဒေသများကို မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုများသည် မည် သည့် တရားဝင်စစ်ရေး ရည်ရွယ်ချက်နှင့်မျှ သက်ဆိုင်မှုမရှိသည့် စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင် သော လုပ်ရပ်များဖြစ်ပြီး ထိုတိုက်ခိုက်မှုများသည် နိုင်ငံအနှံ့ရှိ အရပ်သားပစ်မှတ်များကို စစ်အုပ်စုက ဆက်လက်ဦးတည်တိုက်ခိုက်နေသည့် ပုံစံတစ်ခုဖြစ်ကြောင်း Fortify Rights ကဆိုသည်။

“ပြည်သူတွေကမိုးပေါ်ကနေ ကျလာမယ့်ဗုံးတွေကြောင့် နေ့တိုင်းအကြောက်တရားနဲ့ အသက်ရှင်နေ ရတယ်။ကလေးတွေဆိုလည်း လေယာဉ်သံကြားတာနဲ့ ကြောက်လန့်တကြား ထွက်ပြေးပုန်းရှောင်နေ ကြရတယ်”ဟု Fortify Rights မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝင်းထားက ပြောသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် စစ်အုပ်စု၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် ပြုလုပ်သည့် ကြိုးပမ်းမှုများကို ငြင်းပယ်သင့်ကြောင်း Fortify Rights ကဆိုသည်။

“မြန်မာအာဏာသိမ်းစစ်အုပ်စုက သူတို့အာဏာတည်မြဲဖို့အတွက် ကိုယ့်ပြည်သူတွေကို ကိုယ်တိုင် လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေတာတွေ လုပ်နေတယ်။ဒါတွေကို တားဆီးဖို့လိုပါတယ်။ချက် ချင်းအရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်တာက စစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးသလိုဖြစ်နေတဲ့ အပြင် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်အောင် ခွင့်ပြုပေးသလိုလည်း ဖြစ်နေပါ တယ်”ဟု မဝင်းထားက ဆက်လက်ပြောသည်။
Fortify Rights သည် ၂၀၂၅ခုနှစ်၊ဇွန်မှ စက်တင်ဘာလအထိ ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းပြည် နယ်နယ်စပ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်သည့် ‘ကြောက်မက်ဖွယ်မြင်ကွင်းများ’ ဟု အမည်ပေးထားသော အစီရင်ခံစာကို နိုဝင်ဘာ၁၉ရက်၌ ထုတ်ပြန်ခဲ့သည်။