ကြံ့ဖွံ့အောင်ကြည်သိန်း ရွေးကောက်ပွဲအနိုင်ရရေး ပံ့ပိုးပေးရန် မွန်ပါတီ သဘောတူခဲ့ဟု သတင်းထွက်

ဓာတ်ပုံ-ပေးပို့
ပုံစာ-လက်ရှိ တရားမဝင်မွန်ပြည်နယ်ဝန်ကြီး နိုင်လယိတမ

တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ် ကြံ့ဖွံ့အောင်ကြည်သိန်း လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရရှိရေးအတွက် ပံ့ပိုးပေးရန် တောင်းဆိုမှုကို မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်များက လက်ခံခဲ့ကြောင်း သတင်း ထွက်ပေါ်လျက်ရှိသည်။

မွန်ပြည်နယ် ကြံ့ဖွံ့ပါတီ ဥက္ကဌလည်း ဖြစ်သူ အောင်ကြည်သိန်း ရွေးကောက်ပွဲဝင်မည့် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် (FPTP-မဲများသူအနိုင်ယူ)မဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီ(MUP)အနေနှင့် အစဉ်အလာမရှိသည့် အမတ် လောင်းကိုသာ ဝင်ရောက်ယှဉ်ပြိုင်စေရန်နှင့် အပြိုင်အဆိုင်မဲဆွယ်မှုများ မလုပ်ရန် အောင်ကြည်သိန်း နှင့် နိုင်လယိတမ အပါအဝင်မွန်ညီညွတ်ရေးပါတီခေါင်းဆောင်အချို့နှင့် ညှိ နှိုင်းသဘောတူထား ကြောင်း ချောင်းဆုံမြို့နယ်၊အဝေးရောက်သက္ကောရွာသားတစ်ဦးထံက သိရသည်။

“သူတို့မွန်ပါတီက လူတွေပြောလို့ သိရတာပါ။လက်ရှိမှာ နိုင်လယိတမ က အောင်ကြည်သိန်းလက် အောက် မွန်ပြည်နယ်ဝန်ကြီးဆိုတော့ ဝန်ကြီးချုပ်က ဝန်ကြီးကို ခေါ်ပြောတာပေါ့။နိုင်လယိတမ က လည်း ရွေးကောက်ပွဲအပြီးမှာ ဝန်ကြီးတစ်နေရာ ထပ်မှန်းနေတော့ အောင်ကြည်သိန်းစကားကို ဘယ် လွန်ဆန်ရဲမလဲ”ဟု ၎င်းက MPA သို့ပြောသည်။

စစ်တပ်အာဏာသိမ်းခြင်းကို မြန်မြန်ဆန်ဆန် ပုံအောထောက်ခံခဲ့သော မွန်ညီညွတ်ရေးပါတီ၏ ရိုကျိုးနာခံမှုကို အသိအမှတ်ပြုသည့်အနေနှင့် စစ်ကောင်စီက မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ် အမှုဆောင် နိုင်လယိတမအား မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီးအဖြစ် ချီးမြှင့်ခဲ့သည်။

“ချောင်းဆုံမှာ MUP (မွန်ညီညွတ်ရေးပါတီ)က အားကောင်းလို့ အောင်ကြည်သိန်းက မနိုင်ရင်အရှက် ကွဲမှာစိုးလို့ တောင်းဆိုတာလို့ထင်တယ်။ကျနော်တို့လည်း ချောင်းဆုံMUP ကနေ ဒီသတင်းကြား တယ်”ဟု ပါတီများနှင့် နီးစပ်သော မော်လမြိုင်မြို့သားတစ်ဦးက ပြောသည်။

NLDပါတီမပါသော ၂၀၁၀ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီဖြစ်လာမည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ချောင်းဆုံ မဲဆန္ဒနယ်၄နေရာတွင် ၃နေရာ အနိုင်ရခဲ့ပြီး ကြံ့ဖွံ့က တစ်နေရာသာ အနိုင်ရခဲ့သည်။

ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် (FPTP-မဲများသူအနိုင်ယူ)မဲဆန္ဒနယ်တွင် ကြံ့ဖွံ့အမတ် လောင်း တရားမဝင်မွန်ဝန်ကြီးချုပ်အောင်ကြည်သိန်းနှင့်ပြိုင်ဘက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန် ညီညွတ်ရေးပါတီ အမတ်လောင်း နိုင်ထွန်းဦးမှာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ချောင်းဆုံမြို့နယ်၊မုဒွန်းရွာသားဖြစ် သော်လည်း မုဒွန်း၌ မနေသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။

“ဘာနိုင်ငံရေးအစဉ်အလာမှ မရှိဘူး။အစဉ်အလာရှိသူတွေလည်း MUP မှာ မရှိတော့ဘူး။ အခုရွေး ကောက်ပွဲနားနီးမှ နိုင်ထွန်းဦးက မုဒွန်းမှာလာပြန်နေတာ။ဒေသခံတွေ တော်တော်များများ မသိကြ တဲ့လူ။ ချောင်းဆုံက အောင်ကြည်သိန်းနေရာမှာ ဝင်မပြိုင်ရင် လူတွေ ပြောကြမှာမို့ နိုင်ထွန်းဦးကို အိမ်ဖြည့်အနေနဲ့ ဝင်ပြိုင်ခိုင်းလိုက်တာ”ဟု အဝေးရောက် သက္ကောရွာသားက ပြောသည်။

လက်ရှိမွန်ညီညွတ်ရေးပါတီမှ ခေါင်းဆောင်အများစုမှာ မွန်ပြည်သစ်ပါတီမှာကတည်းက မွန်အမျိုး သားရေးခေါင်းစဉ်တပ်ကာ စီးပွားရေးလုပ်စားလာသူများဖြစ်ပြီး နိုင်လယိတမသည်လည်း စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးမဖြစ်ခင်ကတည်းက ကြီးပွားလျက်ရှိကာ မွန်အမျိုးသားတို့၏ အကျိုး ဖော်ဆောင်ပေးခြင်း လုံး ဝမရှိသူဖြစ်သည်။