စစ်ကိုင်းတွင် NUG နှင့် AA ပိုင်ဆိုင်သော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ဟူ၍ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအတု ဖြန့်ဝေထားကြသည်။
“တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၁၆ ရက် ည ၈ နာရီ ၂၅ မိနစ်တွင် စစ်ကိုင်းမြို့၌ NUG နှင့် AA အဖွဲ့ ပိုင်ဆိုင်သည့် ငွေကျပ် ၁၅ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို “DGF21News, Ye’ Ba Nyein” အပါအဝင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/csQLg
DGF21News – https://archive.ph/2MaAF
Ye’ Ba Nyein – https://archive.ph/GgPdo
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ DVB သတင်းဌာနက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
DVB တွင် ဒီဇင်ဘာ ၆ ရက်က စစ်ကိုင်းမြို့တွင် ကျပ်သန်း ၁၅,၀၀၀ ကျော် ဖိုးတန်ကြေးရှိ မူးယစ်ဆေးဝါး များကို ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ကိုင်းမြို့၊ ရွာထောင်မီးရထား ရပ်ကွက်၊ ဈေးလမ်းရှိ စိုးလွင်၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/VD15
Google တွင် “ စစ်ကိုင်း ကျပ်သန်း ၁၅,၀၀၀ ကျော် မူးယစ်ဆေးဝါးများ ဖမ်းဆီးမိ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “ Border News Agency, Global Reporter” တို့တွင် သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ဒီဇင်ဘာ ၁၆ ရက်က စစ်ကိုင်းမြို့၊ ရွာထောင်မီးရထားရပ်ကွက်၊ ဈေးလမ်းတွင် ငွေ ကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော် နှင့် စိတ်ကြွရူးသွပ်ဆေးပြား ငါးသန်းကျော် ဖမ်း ဆီးရမိခဲ့ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်း သို့ တဆင့် သယ်ဆောင် ပြီး မန္တလေးမြို့သို့ ဆက်ပြီး သယ်ဆောင်သည့် ပစ္စည်းများဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Border News Agency – https://bitly.cx/wMvh6
Global Reporter – https://bitly.cx/vUfLb
စစ်ကော်မရှင်၏ မူးယစ်ဆေး ထိန်းချုပ်ရေး ဗဟိုအဖွဲ့က ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲတွင် စစ်ကိုင်းမြို့၊ ရွာထောင် မီးရထား ရပ်ကွက်၊ ဈေးလမ်းရှိ စိုးလွင်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျပ် ငွေ ၁၅ ဒသမ ၅၇ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော် ထုတ်မှု များ လည်း ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/80Llr
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်ကိုင်းမြို့၌ ငွေကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ချက်တွင် NUG နှင့် AA အဖွဲ့ ပိုင်ဆိုင်သည့် မူးယစ်ဆေးဝါးများဟု ဖော်ပြထားခြင်း မတွေ့ပါ။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “NUG နှင့် AA ပိုင်ဆိုင်သည့် ငွေကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ” ဆိုသည့် အကြောင်းအရာသည် ဖြစ်စဉ်အမှန်ပေါ် အခြေခံ၍ သတင်းအတု ဖန်တီးထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
