၂၀၂၅ရွေးကောက်ပွဲကို နိုင်ငံအတွက် ကောင်းမွန်သော အရေးကြီးသည့်အပြောင်းအလဲအဖြစ် ရှုမြင် သူတစ်ဦးမျှ မရှိကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြသည်။
ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့က ထုတ်ပြန်လိုက်သော “မြန်မာကိုလေးစား” သုတေသနစစ် တမ်းတွင် အထက်ပါအတိုင်း ဖော်ပြထားပြီး ထိုင်းနိုင်ငံဒေသအသီးသီးရှိ ရွှေ့ပြောင်းမြန်မာ ၂၀၉ဦး ကို မေးမြန်းထားခြင်းဖြစ်ကြောင်း သိရသည်။
စစ်တမ်းဖြေဆိုသူများအနက် ၂၀၂၅ရွေးကောက်ပွဲတွင် မဲမပေး လိုသူ ၉၈ရာခိုင်နှုန်းရှိပြီး မဲပေးလိုသည်ဟု ဖြေဆိုခဲ့သူ ၂ရာခိုင်နှုန်းမှာ ငြိမ်းချမ်းမှုကို လိုလားသောကြောင့် မဲထည့်လိုခြင်းဖြစ် သော်လည်း ၂၀၂၅ရွေးကောက်ပွဲသည် မြန်မာ့အကျပ်အတည်းကို တစ်စုံတစ်ရာဖြေရှင်းနိုင်မည်မ ဟုတ်သကဲ့သို့ လွတ်လပ်၍ တရားမျှတမှုရှိမည်ဟု မမျှော်လင့်ကြောင်း ဖြေဆိုကြသည်ဟု သိရသည်။
“အခု ဒီဇင်ဘာလထဲတွင် ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ စစ်တမ်းတွေ လုပ်လာကြတာ တွေ့ရတယ်။ ဘာ့ကြောင့် စစ်တမ်းလုပ်ကြသလဲဆိုတော့ ဒီတရားမဝင်ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ သ ဘောထား ဘယ်လိုရှိသလဲဆိုတာကို အချက်အလက်ခိုင်လုံစွာနဲ့ နိုင်ငံတကာကို သတင်းပေးပို့တာလို့ နားလည်တယ်။နိုင်ငံတကာအသိုင်းအဝိုင်းက သုတေသနနှုန်းစံတွေနဲ့ လုပ်ထားတဲ့ စစ်တမ်းတွေကို သာ ခိုင်လုံမှုရှိတဲ့ အချက်အလက်တွေလို့ ယုံကြည်ကြတာကိုး။အခု “မြန်မာကိုလေးစား”စစ်တမ်းက လည်း ခိုင်မာတဲ့စစ်တမ်းတစ်စောင်ပါ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးက MPA သို့ပြောသည်။
စစ်အုပ်စုတွင် ရွေးကောက်ပွဲတရားဝင်ပြုလုပ်ခွင့်အာဏာမရှိဟု စစ်တမ်းဖြေဆိုသူအများစုက ရှုမြင် ကြပြီး ၉၉ရာခိုင်နှုန်းသော ဖြေဆိုသူတို့က တရားဝင်အစိုးရတစ်ရပ်အဖြစ်လည်း မယူဆကြဘဲ တ ရားမဝင်အာဏာသိမ်းထားသည့် ပြည်သူကိုဖိနှိပ်သတ်ဖြတ်နေသည့် လက်နက်ကိုင်စစ်တပ်အဖြစ် သာ ရှုမြင်ကြကြောင်း ၂၀၂၅ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စုကို ကိုယ်စားပြုမှု ရှိသူအဖြစ် ရှုမြင်သူ တစ်ရာခိုင်နှုန်းခန့်သာ ရှိကြောင်း စစ်တမ်းက ဖော်ပြသည်။
၂၀၂၀ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် ဖြေဆိုသူများသည် ၂၀၂၀ရွေးကောက်ပွဲကို တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲအဖြစ်၊ လူထုဆန္ဒကို ထင်ဟပ်သော ၊လူထုပါဝင်မှုအများဆုံးဖြင့် ပါဝင် မဲပေးခဲ့သော ရွေးကောက်ပွဲအဖြစ် မှတ်ယူပြောကြသည်ဟုလည်း စစ်တမ်းက ဆိုသည်။
စာတည်း-ML
