By Wadi / MPA
ဓားပြတိုက် လုယက်သည့် PDF များကို ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ဟုဆိုသော သတင်းအမှား အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“ကျော်ကြီး” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၇ ရက် ည ၉ နာရီ ၅၉ မိနစ်တွင် ကချင်ပြည်နယ် ၊ မြစ် ကြီးနားမြို့၊ ကချင်စုရပ်ကွက်အတွင်း ဓားပြဝင်တိုက်သည့် PDF များကို ရပ်ကွက်နေ ပြည်သူများက ဝိုင်း ဝန်းဖမ်းဆီးခဲ့ကြောင်း ရုပ်သံဖိုင်တစ်ခုနှင့်အတူ ဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို “ Kyaw Swar, ရန်သူ့လှုပ်ရှားမှုသတင်းများ ” နှင့် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များက ကူးယူဖြန့်ဝေခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/MPZw1
ရန်သူ့လှုပ်ရှားမှုသတင်းများ – https://archive.ph/Pi6ru
Kyaw Swar – https://archive.ph/Zkg9x
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
ပျံ့နှံ့နေသော ရုပ်သံဖိုင်မှာ “Kachin News Group” တွင် ဖော်ပြထားသော Reel ရုပ်သံဖိုင်နှင့် တူညီနေ သည်။
“Kachin News Group” တွင် စက်တင်ဘာ ၇ ရက် က မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်တွင် နေ့လည်ပိုင်း အချိန် ဓားပြတိုက်သည့် လူငယ်ခြောက်ဦးကို ရပ်ကွက်ပြည်သူများ ဖမ်းဆီးရမိသော ရုပ်သံဖိုင် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကြည့်ရှုရန် >>> https://bitly.cx/emjOD
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ ကချင်စုရပ်ကွက် ဓားပြတိုက်မှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “BBC” က ဖော်ပြထားသည်။
“BBC” တွင် စက်တင်ဘာ ၇ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်တွင် လမ်းသွား လမ်းလာ ဒေသခံ အမျိုးသားတစ်ဦးကို ဓားပြတိုက်လုယက်ရန် ကြိုးပမ်းခဲ့သူ လူငယ် ခြောက်ယောက် အဖွဲ့ ကို ရပ်ကွက်နေ ဒေသခံများက ဝိုင်းဝမ်းဖမ်းဆီးခဲ့ကြောင်း၊ ဓားပြတိုက်သူများတွင် ဓားများ ပါလာကြောင်း၊ လုယက်ခံရသူ အမျိုးသားမှာ ပြတ်ရှဒဏ်ရာရခဲ့ကြောင်း၊ ဖမ်းမိထားသူများကို စစ်ကော်မရှင်အဖွဲ့က ရဲကား ဖြင့် လာခေါ်သွားကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/I635n
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်တွင် လမ်းသွားလမ်းလာတစ်ဦးကို ဓားပြတိုက် လု ယူရန် ကြိုးပမ်းခဲ့သူ လူငယ် ခြောက်ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ရေးထား သည်။
ဓားပြတိုက်သူများကို PDF များဟု ဖော်ပြထားခြင်း မတွေ့ရပေ။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ ဓားပြတိုက်သည့် PDF များကို ပြည်သူများက ဝိုင်းဖမ်း” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
