မွန်ပြည်နယ်အတွင်း တရားမဝင်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ ရှုံးနိမ့်ခဲ့မှုကြောင့် မင်းအောင်လှိုင်ခန့် ဝန်ကြီးချုပ်အောင်ကြည်သိန်း ထိုင်ခုံလှုပ်လာကြောင်း သတင်းထွက်ပေါ်လာသည်။
တရားမဝင်ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် တရားမဝင်အစိုးရသစ်တွင် လက်ရှိဝန်ကြီးချုပ် အောင်ကြည်သိန်းကိုပင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဆက်ခန့်ရန် လျာထားခဲ့သော်လည်း မွန်ပြည်နယ် အတွင်း မွန်ညီညွတ်ရေးပါတီ အမတ်လောင်းများ အနိုင်ရရှိမှုများသဖြင့် အောင်ကြည်သိန်း၏ အနာ ဂတ်နှင့်ပတ်သက်၍ မရေမရာဖြစ်လာကြောင်း ပြည်နယ်အစိုးရ အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးထံ က သိရသည်။
“ရွေးကောက်ပွဲမှာ မွန်ပါတီက တော်တော်နိုင်သွားလို့ နေပြည်တော်က အောင်ကြည်သိန်းကို လှမ်း ထောင်းနေတယ်။အပိုင်း၂ရွေးကောက်ပွဲရလဒ်ထွက်ပြီးတဲ့အချိန် အဘိုးကြီး(အောင်ကြည်သိန်း)တော် တော်မျက်နှာပျက်နေတယ်။အခု နောက်ဆုံးကြားတဲ့သတင်းက ထိုင်ခုံလှုပ်လာပြီဆိုတာပဲ”ဟု ၎င်းက MPAသို့ပြောသည်။
လာမည့်တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အနိုင်ရ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်အ မတ်လောင်းတစ်ဦးဦး သို့မဟုတ် စစ်တပ်က စေလွှတ်လိုက်သည့် ပြည်နယ်လွှတ်တော်တပ်ကိုယ်စား လှယ်တစ်ဦးဦး ဖြစ်လာနိုင်ကြောင်းလည်း သတင်းထွက်လာသည်။
“အောင်ကြည်သိန်းရဲ့ အဓိကအားသာချက်က မွန်ပြည်နယ်က တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ ယှဉ် လိုက်ရင် တည်ငြိမ်မှုရှိတာ။မွန်ပြည်နယ်တည်ငြိမ်တာက အောင်ကြည်သိန်းစွမ်းဆောင်ရည် ဘာမှမ ပါပေမဲ့ ဘာပဲဖြစ်ဖြစ် တည်ငြိမ်တော့လည်း အမှတ်ရတာပဲ။အောင်ကြည်သိန်းရဲ့ အဲဒီအားသာချက်က အခု ရွေးကောက်ပွဲရှုံးလို့ ပြန်ကြေပျက်သလို ဖြစ်နေပြီ”ဟု ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံ တစ်ဦးက သုံးသပ်သည်။
အောင်ကြည်သိန်းသည် ၎င်းကို အားပြိုင်လာနိုင်သည့် မွန်ပြည်နယ်အတွင်းရှိ ကြံ့ဖွံ့ခေါင်းဆောင်များ ကို နေရာမပေးသည့်အပြင် ပြည်နယ်အုပ်ချုပ်ရေးနှင့် ပြည်နယ်လွှတ်တော်ပြင်ပ၊ နေပြည်တော်လွှတ် တော်များဆီသို့ တွန်းလွှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“အောင်ကြည်သိန်းက ကြံ့ဖွံ့ထဲကို နောက်မှ ရောက်လာတဲ့ မိုးကျရွှေကိုယ်။အခုရွေးကောက်ပွဲရှုံး တော့ သူ့ကို မကြည်တဲ့ ကြံ့ဖွံ့အဟောင်းတွေက ဝိုင်းတိုက်နေကြပြီ”ဟု ၎င်းက ဆက်လက်ပြော သည်။
မွန်ပြည်နယ်၁၀မြို့နယ်စလုံးတွင် တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်ပြီးဖြစ်ရာ အချိုးကျကိုယ်စား ပြုခွင့်ရ နေရာများပါ ထည့်ပေါင်းလျှင် ကြံ့ဖွံ့က ၂၁ နေရာနှင့် မွန်ညီညွတ်ရေးပါတီက ၁၇နေရာဖြင့် ဒုတိယအများဆုံးရရှိခဲ့သည်။
“တခြားပြည်နယ်တွေနဲ့ ယှဉ်ရင် မွန်ပြည်နယ်မှာ ကြံ့ဖွံ့က အရှုံးပိုများနေတယ်”ဟု ၎င်းက ဆိုသည်။
မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌလည်းဖြစ်သူ အောင်ကြည်သိန်းသည်ပင်လျှင် ချောင်းဆုံမြို့နယ် ပြည် နယ်လွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာ မှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့ပြီး အောင်ကြည်သိန်းရရှိသော ကြိုတင်မဲများကို ဒေသခံတို့က မယုံကြည်ကြပေ။
