NUG အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ကို စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက သတင်းအတုဖြင့် အပုတ်ချတိုက်ခိုက်ထားသည်။
စစ်တပ်လော်ဘီ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဇန်နဝါရီ ၁၅ရက် ညနေပိုင်းတွင် “ဒေါက်တာဇော်ဝေစိုး နှင့် ဦးရည်မွန်တို့ နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲသည့်အတွက် လူမှု ကွန်ရက်တွင် ဝေဖန်မှုများ ရှိနေ” ဟု ခေါင်းစဉ်တပ်၍ ဝန်ကြီးနှစ်ဦး၏ ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။
သတင်းအတုလင့်ခ် – https://archive.md/5JqXx
“ကိုနှင်းမောင်” “ MDY image” တယ်လီဂရမ်ချန်နယ်တို့က အဆိုပါအကြောင်းအရာကို ကူးယူဖြန့်ဝေထားကြသည်။
သတင်းအတုလင့်ခ်များ
ကိုနှင်းမောင် – https://archive.md/xr5oh
MDY image – https://archive.md/aWJ00
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်း အတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြချက်
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော ဓာတ်ပုံကို Google Lens ဖြင့် အချက်အလက်စစ်ဆေးကြည့်ရာ ၂၀၂၁ ခုနှစ် မတ်လတွင် ဝန်ကြီးဒေါက်တာဇော်ဝေစိုးကို Myanmar Now သတင်းမီဒီယာက အင်တာဗျူးမေးမြန်း ထား သော ရုပ်သံဖိုင်၏ Screenshot ဖြစ်နေသည်။
သတင်းလင့်ခ် – https://bitly.cx/hQDQ5
အလားတူ ဝန်ကြီး ဦးရည်မွန်၏ ဓာတ်ပုံမှာ ၂၀၂၁ခုနှစ် ဧပြီလတွင် BBC သတင်းဌာနနှင့် အင်တာဗျူးထားသော ရုပ်သံဖိုင်ကို Screenshot ရိုက်ကူးထားခြင်းဖြစ်သည်။
သတင်းလင့်ခ် – https://bitly.cx/sBAtK
အဆိုပါ NUG ပြည်ထောင်စုဝန်ကြီးနှစ်ဦး၏ Screenshot ကို Photoshopဖြင့် ပြုပြင်၍ သတင်းအတု ဖန်တီးထားခြင်းဖြစ် သည်။
ထို့အပြင် “Boom Myanmar” နှင့် “Fact Crescendo” စသည့် အချက်အလက်စစ်ဆေးရေးအဖွဲ့တို့က “သတင်းအတု” ဖြစ်ကြောင်း စိစစ်ထားဖူးသည်။
သတင်းလင့်ခ်များ
Boom Myanmar – https://bitly.cx/LPXhm
Fact Crescendo – https://bitly.cx/tZnRA
အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများနှင့် သက်သေပြချက်များအရ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ကို စစ်တပ်လော်ဘီများက သတင်းအတုဖန်တီး၍ အပုပ်ချတိုက်ခိုက် ထားခြင်းဖြစ်ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
