စစ်ကိုင်းတိုင်း ကနီတွင် PDF များ စုဖွဲ့နေထိုင်သည့် နေရာသို့ ဗုံးကြဲရှင်းလင်းဟုဆိုသည့် အကြောင်းအရာ သည် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၅ ရက် ည ၁၀ နာရီ ၂၄ မိနစ်တွင် အိုင်ကွန်တစ်လုံးဖြင့် လိုင်းပူးသွားချိန် ကနီ PDF များက စစ်တပ်ကို စိန်ခေါ်ခဲ့သည့်နေရာကို စစ်တပ်က လေကြောင်းကနေ ဗုံး ကြဲရှင်းလင်းခဲ့ကြောင်း၊ PDF များ အတုံးအရုံးသေဆုံးခဲ့ကြောင်း ရုပ်သံဖိုင်နှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို “နေပြည်တော်” တယ်လီဂရမ်ချန်နယ်ကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများ ပြားနေသည်။
Truth Media – https://archive.ph/HVOJV
နေပြည်တော် – https://archive.ph/VM8Xi
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရ သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို စစ်ဆေးကြည့်ရာ “People’s Spring” တွင် ဖော်ပြထားသော ရုပ်သံဖိုင်နှင့် ထပ်တူညီနေသည်။
“People’s Spring” တွင် ဇန်နဝါရီ ၁၅ ရက်က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲရှိ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ဘုန်းကြီးကျောင်း ပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကော်မရှင်သည် ကနမြို့နယ်ကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေကြောင်း ရုပ်သံဖိုင်နှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/XcjKB
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ကနီ လေကြောင်းတိုက်ခိုက်မှု” ဆိုသည့် စကားလုံဖြင့် ရှာဖွေကြည့် ရာ “DVB, Red Peacock” အပြင် အခြားမီဒီယာများက သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ဇန်နဝါရီ ၁၅ ရက်က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အရှေ့ဘက်ခြမ်း ရှမ်းမြောင်းရွာ နားရှိ အောင်စကြစေတီကုန်းပေါ်တွင် ရှိသည့် အောင်မင်္ဂလာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ ကြောင်း၊ သံဃာနှစ်ပါးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ရှမ်းမြောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိ သလို ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ စခန်းချနေထိုင်ခြင်းမရှိ ကြောင်း၊ ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအသံများနှင့် တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
DVB – https://bitly.cx/gPfF
Red Peacock – https://bitly.cx/eYw4
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ပြီး သံဃာတော်နှစ်ပါး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “PDF အသိုက်ကို ဗုံးကြဲရှင်းလင်း ရာ PDF များ အတုံးအရုန်း သေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအတုဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
