လူကြိုက်များမည့် စစ်တပ်မုန်တီးရေးစကားကို မပြောဟု ပြည်သူ့ပါတီဥက္ကဌ ကိုကိုကြီးက ဆိုသည်။
ဇန်နဝါရီ၁၇ရက်ညက ပြည်သူ့ပါတီ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တင်သည့် ၎င်း၏ မဲဆွယ်စည်းရုံးရေး ရုပ်သံတွင် အထက်ပါအတိုင်းပြောကြားခဲ့သလို နိုင်ငံရေးပေါကားမရိုက်ဟုလည်း ဆိုသည်။
“ပရိသတ်က နိမ့်လို့ ဆိုပြီးတော့ ပရိသတ်ကို ဆွဲတင်ဖို့ မကြိုးစားဘဲ နိမ့်တဲ့ ပရိသတ်level ပေါ့၊အ ကြိုက်ကိုပဲ ရိုက်နေတဲ့အခါကျတော့ ရုပ်ရှင်အဆင့်အတန်းက တက်မလာတော့ဘူး”ဟု ရုပ်ရှင်လော ကအတွင်း ပရိသတ်အကြိုက် ပေါကားများ ရိုက်နေခြင်းနှင့် ဥပမာပေးကာ ၎င်းက ပြောသည်။
နိုင်ငံရေးလောကတွင် လူကြိုက်များသည့်ကိစ္စများ လျှောက်လုပ်ရသည်မှာ လွယ်ပြီး ၎င်းကိုယ်တိုင် လုပ်တတ်သော်လည်း မလုပ်ကြောင်းလည်း ဆိုသည်။
“ကျနော်တို့ နိုင်ငံရေးပရိသတ်က နိမ့်လို့ နိုင်ငံရေးပရိသတ်အကြိုက်ပဲ လိုက်လုပ်ရမယ်ဆိုတာမျိုးနဲ့ ပ ရိသတ်ကို ဆွဲမတင်ဘဲ ပရိသတ်ရဲ့ အခြေအနေကို အမြတ်ထုတ်တာပေါ့နော်။အဲဒါမျိုးတော့ ကျနော်မ လုပ်ဘူး”ဟု၎င်းက ဆက်လက်ပြောသည်။
လူအချို့က ၎င်းပြောသည့် နိုင်ငံရေးစကားများကို သိပ်နားမလည်ဟု ဆိုကြကြောင်းလည်း ကိုကိုကြီး ကပြောကြားလိုက်သေးသည်။
“ကျနော် အတတ်နိုင်ဆုံး အရပ်သားစကားနဲ့ ပြောပါတယ်။ဒါပေမဲ့လို့ ခနက အများကြိုက်ရင် ပြီးရော ဆိုတာမျိုး ကျနော် မလုပ်ဘူး”ဟုလည်း ကိုကိုကြီးက ပြောသည်။
စစ်တပ်ချစ်သူများက စစ်တပ်ကို မချစ်ရကောင်းလားဆိုပြီး တိုက်ခိုက်မှုများရှိသော်လည်း မပြောနိုင် သလို စစ်တပ်မုန်းတီးရေးပြောလျှင် လူကြိုက်များသော်လည်း မပြောကြောင်းလည်း ဆိုသည်။
နိုင်ငံရေးပေါကားမရိုက်ဟုဆိုသော ကိုကိုကြီး၏ ပါတီသည် တရားမဝင်ရွေးကောက်ပွဲအပိုင်း ၂ ပြီး သည်အထိ ကြံ့ဖွံ့ကို လုံးဝမယှဉ်နိုင်ဘဲ ရလဒ်ဆိုးလျက်ရှိသည်။
