နှစ်ဆန်းအဖွင့်တွင် စစ်ရေးရည်မှန်းချက် ရာနှုန်းပြည့်နီးပါး အောင်မြင်ခဲ့ဟုဆို

ဓာတ်ပုံ -NUG
ပုံစာ- PDF ရှေ့တန်းစခန်းတစ်နေရာရောက် ပြည်ထောင်စုဝန်ကြီးချုပ်(ပုံဟောင်း)

နှစ်ဆန်းအဖွင့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနှင့် သတ်မှတ်ထားသည့် စစ်ရေးရည်မှန်းချက်များကို ရာနှုန်းပြည့်နီးပါး အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ကြကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှစ်ဆန်းအောင်ပွဲဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြထားသလို ရန်သူ၏ အရေးပါ သော ဗဟိုချက်ဒေသများကို ချဉ်းကပ်ခြိမ်းခြောက်နိုင်သည်အထိ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ပြည် တွင်း၊ပြည်ပ ပြည်သူတစ်ရပ်လုံးလည်း အားရကျေနပ်ခဲ့ကြကြောင်းလည်း ဆိုသည်။

“ကျနော်သိသလောက်နဲ့ ပြောလို့ရသလောက် ပြောရရင် ဝန်ကြီးချုပ်ရဲ့ သဝဏ်လွှာက ကျနော်တို့ ဇန်နဝါရီအဖွင့်မှာ စခဲ့တဲ့ စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးကို ရည်ညွှန်းတာလို့ ထင်ပါ တယ်။ နေ ပြည်တော်နဲ့ အနီးဆုံးနေရာတွေကို ဝင်ရောက်ချေမှုန်းနိုင်ခဲ့တယ်။တောကျွဲအင်းမြို့ထဲ ဝင်သိမ်းခဲ့တယ်။စစ်ဆင်ရေးရဲ့ရည်မှန်းချက်ကလည်း မြို့ကို အသိမ်းပြရုံပဲဆိုတော့ မြို့ထဲက စစ်တပ် အုပ်ချုပ်ရေးယန္တရားတွေကို ဖျက်ဆီးခဲ့တယ်။ပြီးတော့ ခွေးစခန်းတွေကိုလည်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ တယ်” ဟု အမှတ်၂စစ်ဆင်ရေးနယ်မြေအတွင်းရှိ PDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။

ရန်သူ၏ အရေးကြီးစခန်းများကို ထိုးဖောက်တိုက်ခိုက်သိမ်းပိုက်နိုင်ရုံသာမက မြို့သိမ်းတိုက်ပွဲများကို ပါ ဆင်နွှဲပြီး အောင်မြင်စွာဆုတ်ခွာခြင်း၊ ဗျူဟာကျသည့် လမ်းပိုင်းများကို အောင်မြင်စွာ သိမ်းပိုက်စိုး မိုးထားနိုင်ခြင်း၊ အရေးကြီးသည့် တိုက်ပွဲများ ဆင်နွှဲရာတွင် ဟန်ချက်ညီ ချိန်သားကိုက်လုပ်ဆောင်နိုင် ရန် ကွပ်ကဲမှုတစ်ခုတည်းအောက်တွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတို့အတွက်လည်း အထူးဂုဏ်ယူ ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့သည် ကိုယ့်ခြေကိုယ့်လက်ဖြင့် တိုက်ပွဲဝင် အောင်ပွဲဆင်နိုင်နေပြီဖြစ်ပြီး မဟာမိတ်များ၏ ထုတ်ဖော်ချီးမွမ်း မှုရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့ကြောင်း ယခုလို အောင်ပွဲယူနိုင်အောင် လေ့ကျင့်သင်ကြား ပံ့ပိုး ကူညီပေးခဲ့ကြသည့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို အထူးကျေးဇူးတင်ကြောင်းလည်း ပြောသည်။

၂၀၂၆နှစ်ဦးပိုင်းတွင် အရေးကြီးသည့်အောင်ပွဲများ တိုက်ခိုက်ရယူပေးနိုင်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များ အားလုံးကို ဂုဏ်ပြုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ပဲခူးတိုင်း၊ တောကျွဲအင်းမြို့ (အောင်မြင်မြို့)၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ဒေသ အုတ်တွင်း မြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါး မြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်း တံတားတွင် အထိုင်ချထားသော စစ်တပ်ကင်းစခန်း အပါအဝင် စစ်တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇန်နဝါရီ၉ရက် နံနက်တွင် တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား၅၀ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း များကာ လက်နက်ခဲ ယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။