တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ပလမြို့ရှိ လူနေရပ်ကွက်တစ်ခုကို အာဏာသိမ်းစစ်အုပ်စု၏ လက်နက်ကိုင် စစ်တပ်က မီးရှို့ခဲ့ပြီးနောက် PDF များကို လွှဲချထားသော သတင်းအမှားများ ဖြန့်ဝေနေကြသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၁၂နာရီ တနင်္ဿာရီတိုင်း ၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် ၄ ဆားဖိုဆိပ်ရပ်ကွက်အတွင်းတွင် နေထိုင်နေသော PDF များနှင့် စစ်ကော်မရှင် စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဆုတ်ခွာထွက်ပြေးသွားသော PDF များသည် စစ်ကြောင်းလိုက်မလာ နိုင်စေရန် ရပ်ကွက်အတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူပိုင် နေအိမ် ၈၀ ခန့် မီးလောင်ပျက် စီးခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းများက မီးငြိမ်းသတ်ပေးခဲ့ရကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။
စစ်တပ်လော်ဘီချန်နယ်များဖြစ်သော “ကိုနှင်းမောင်၊ MDY image” အပါအဝင် အခြားချန်နယ်များကလည်း ကူး ယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/9oN8y
ကိုနှင်းမောင် – https://archive.ph/strpo
MDY image – https://archive.ph/1bZQD
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “မောင်း” မီဒီယာက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
မောင်း တွင် တနင်္ဿာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် ၄ ဆားဖိုရပ်ကွက်ရှိ နေအိမ်များကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၇၈ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၇ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/qIVQG
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ပုလောမြို့နယ် ပလမြို့ စစ်တပ်မီးရှို့” ဆိုသည့် စကားလုံးဖြင့် ရှာဖွေ ကြည့်ရာ “Mizzima, Connect Burma, Independent Mon News Agency” နှင့် အခြားမီဒီယာများတွင် သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် တနင်္ဿာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်တပ်က အရပ်သားနေထိုင်ရာအိမ်များကို နှစ် ရက်ဆက်တိုက် မီးရှို့ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၇ ရက်က ပုလောမြို့နယ်၊ ပလမြို့၊ ရပ်ကွက် ၄ ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် ပလမြို့အနီးတဝိုက်ရှိ ရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Mizzima – https://bitly.cx/0wwy
Connect Burma – https://bitly.cx/K2l9c
Independent Mon News Agency – https://bitly.cx/gKJhr
သုံးသပ်ချက်
သတင်းမီဒီယာများတွင် တနင်္ဿာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ရပ်ကွက်တစ်ခုနှင့် ရွာတစ်ရွာအား စစ်တပ် က နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့ရာ နေအိမ် ၈၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်လော်ဘီများက PDF များကို လွှဲချထားသော သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
