UATV English
ဥရောပသည် အမေရိကန်၏ အကူအညီမပါဘဲ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိကြောင်း နေတိုး (NATO) အတွင်းရေးမှူးချုပ် မာ့ခ်ရူတာ၏ ပြောကြားချက်အပေါ် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျွန်နိုအဲလ်ဘားရိုးတ် က X လူမှုကွန်ရက်မှတစ်ဆင့် တုံ့ပြန်ပြောကြားလိုက်သည်။
“မဟုတ်ပါဘူး၊ ချစ်ခင်ရပါသော မာ့ခ်ရူတာ။ ဥရောပနိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးအတွက် တာဝန်ယူနိုင်သလို၊ တာဝန်လည်း ယူရမှာဖြစ်ပါတယ်” ဟု ဘားရိုးတ်က ရေးသားခဲ့သည်။
အမေရိကန် ကိုယ်တိုင်ကပင် ယင်းအချက်ကို သဘောတူညီထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
နေတိုးအကြီးအကဲ မာ့ခ်ရူတာက ဘရပ်ဆဲလ်မြို့ရှိ ဥရောပပါလီမန်တွင် ဥရောပသည် အမေရိကန်၏ အကူအညီမပါဘဲ မိမိဘာသာ မကာကွယ်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
