အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) သမ္မတ ဒူဝါလရှီးသည် လုပ်ကြံရသော ဒဏ်ရာများကြောင့် တရုတ်တွင် ဆေးကုသနေရင်း သေဆုံးသွားပြီဟု စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေနေသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၁ နာရီ ၃၇ မိနစ်တွင် KPDF များ၏ လုပ်ကြံမှုကြောင့် ဒဏ်ရာရရှိပြီး တရုတ်တွင် ဆေးကုသမှု ခံယူနေသည့် NUG သမ္မတ ဒူဝါလရှီးလ ဆေး ရုံတွင် ကွယ်လွန်သွားပြီဖြစ်၍ လိုင်ဇာသို့ ပြန်လည်သယ်ဆောင်ကာ မီးသင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း ရေး သားဖြန့်ဝေနေသည်။
ထို့အပြင် NUG သမ္မတ၏ ရုပ်အလောင်းနှင့် သေနတ်အရှည်ကိုင်ဆောင်ထားသော စစ်သားခြောက်ဦးပါဝင် သော ဓာတ်ပုံနှင့်အတူ ဖြန့်ဝေထားခြင်းဖြစ်သည်။
အဆိုပါ အကြောင်းအရာကို “ကိုနှင်းမောင်၊ နောင်ရိုးဟစ်တိုင်” အပါအဝင် အခြား စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြနေကြသဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/ZVlb1
ကိုနှင်းမောင် – https://archive.ph/ZCB7F
နောင်ရိုးဟစ်တိုင် – https://archive.ph/S3UY9
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
Google “NUG သမ္မတ လုပ်ကြံခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “ The Irrawaddy,Connect Burma” အပါအဝင် အခြားမီဒီယာများက သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရသည်မှာ သတင်းအမှားသာဖြစ်တယ် လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားကြောင်း၊ သမ္မတ ဒူဝါလရှီးလက ဘေးကင်းစွာ ရှိနေကြောင်း ၊ ဒီသတင်းအမှားဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ရောက်ရှိနေချိန် တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
The Irrawaddy – https://bitly.cx/kRc0
Connect Burma – https://bitly.cx/ARoHW
သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရသည်ဆိုသည့် အကြောင်းအရာနှင့် ပတ်သက်၍လည်း MPA Fact Check Team က သတင်းမှားဖြစ်ကြောင်း အချက်အလက် စစ်ဆေးထားပြီး ဖြစ်သည်။
အပြည့်အစုံကြည့်ရန် >>> https://bitly.cx/d2n3
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော NUG သမ္မတ၏ ရုပ်အလောင်းနှင့် အနီးနားရှိ လက်နက်ကိုင် ခြောက်ဦးပါဝင်သော ဓာတ်ပုံသည် Ai ဖြင့် ဖန်တီးထားသော ဓာတ်ပုံဖြစ်နေသည်။
သုံးသပ်ချက်
သတင်းမီဒီယာများတွင် သတင်းဖော်ပြထားမှုများ နှင့် သတင်းမှား စစ်ဆေးတွေ့ရှိချက်အရ NUG သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရခြင်း မရှိဘဲ ဘေးကင်းကျန်းမာစွာ ရှိနေကြောင်း သိရသည်။
NUG သမ္မတကို KPDF များက လုပ်ကြံဟု စစ်တပ်လော်ဘီများက ရေးသားဖြန့်ဝေနေခြင်းသည် တိကျခိုင် မာသော သတင်းအချက်အလက်များ မပါဝင်ဘဲ သတင်းအမှားဖြင့် အပုပ်ချတိုက်ခိုက်ထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
