သုံးလသားကလေးအပါ အရပ်သား ၇ ဦး သေဆုံးမှုကို အေအေဟု သတင်းအမှားဖြန့်နေ

ရခိုင်ပြည်နယ် ကျောက်တောနှင့် မြောက်ဦးမြို့နယ်တို့တွင် စစ်တပ် ဗုံးကြဲမှုကြောင့် လသားကလေးငယ်အပါ အရပ်သား ခုနစ်ဦး သေဆုံးခဲ့မှုအား စစ်လော်ဘီများက အေအေတပ်ဖွဲ့ဝင်များ သေဆုံးဟူ၍ သတင်းအမှား ဖြန့်ဝေ နေကြသည်။

သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်ထားသော စစ်တပ်လော်ဘီ “People Media”တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဖေဖော်ဝါရီ ၁၃ရက် နံနက် ၁၀နာရီကျော်တွင် သတင်းအမှားကို ဖြန့်ဝေထားသည်။

“ရခိုင်ပြည်နယ်၊ ကျောက်တော်မြို၊ ပိုက်သည်ရပ်ကွက်မှာရှိတဲ့ အကြမ်းဖက် AA စခန်းကို တပ်မတော်က လေ ကြောင်းနဲ့ ဗုံးကြဲရှင်းလင်းခဲ့တာကြောင့် အကြမ်းဖက် AA အဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု များပြားတယ်လို သိရပါ တယ်” ဟု (မူရင်းရေးသားချက်) ဓာတ်ပုံများနှင့် အတူ ဖြန့်ဝေခြင်းဖြစ်သည်။
သတင်းအမှားလင့်ခ် – https://archive.md/bDlr8

အဆိုပါ အကြောင်းအရာကို အခြားသော စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖြန့်ဝေနေ ကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

သတင်းအမှားလင့်ခ်များ

အဖိုးလေး – https://archive.md/8cDlH
U Nay Win – https://archive.md/dpWpa

စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို MPA fact-check teamက စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

Google Lens ဖြင့် စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော ဓာတ်ပုံကို စစ်ဆေးကြည့်ရာ ရခိုင်ပြည်နယ် ဒေသ တွင်း မီဒီယာဖြစ်သော Development Media Groupက သတင်းဓာတ်ပုံများနှင့် တူညီနေသည်။
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့တို့ကို စစ်ကော်မရှင် တပ်က ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် ဂျက်တိုက်လေယာဉ်ဖြင့်ဗုံးကြဲသွားကြောင်း သတင်းဓာတ်ပုံများနှင့်အတူ ရေးထားသည်။
DMG သတင်းလင့်ခ် – https://bitly.cx/5sg4c

အသေးစိတ် ထပ်မံသိရှိနိုင်ရန် Google တွင် “ရခိုင်ပြည်နယ် ကျောက်တော်နှင့် မြောက်ဦး ဗုံးကြဲခံရ” ဟု ရေး သားရှာဖွေရာ ရခိုင်ဒေသတွင်းမီဒီယာများနှင့် စိတ်ချယုံကြည်ရသော သတင်းမီဒီယာများက သတင်းရေးသား ဖော်ပြထားကြသည်။

ဖေဖော်ဝါရီ ၁၂ ရက် ပြည်​ထောင်စု​နေ့ည ၉ နာရီ ၁၁ မိနစ်ခန့်တွင် စစ်ကောင်စီလေတပ်က လေကြောင်းတိုက် ခိုက်ခဲ့သဖြင့် ကျောက်​တော်မြို့နယ် ပိုက်သည်ရပ်ကွက်နေ ကိုညီချေ(၃၁ နှစ်)၊ ကိုဆန်းဝင်း(၂၃ နှစ်) နှင့် စစ်တွေမြို့မှ တိမ်းရှောင်လာသော ဒေါ်အေးနု(၅၃ နှစ်)၊ ဒေါ်မစောလှ(၆၁ နှစ်) တို့ သေဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။
အလားတူ မြောက်ဦးမြို့တွင်လည်း ဝေသာလီဟိုတယ်ဟောင်းကို လေယာဉ်က ဗုံးကြဲရာတွင် စစ်တွေမြို့မှ စစ်ဘေးရှောင်လာ၍ ထိုနေရာ၌ ခြံစောင့် လုပ်ကိုင်နေသော ဦးအောင်လင်းစိုးနှင့်ဇနီး ဒေါ်သန္တာစိုး၊ ၎င်းတို့၏ သားဖြစ်သူ သုံးလသားအရွယ် မောင်အောင်လင်းဟိန်းတို့ သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းဖော်ပြ ထားသည်။

သတင်းလင့်ခ်များ

Narinjara – https://bitly.cx/mCcLC
Myanmar Now – https://bitly.cx/JKd3n
Irrawaddy Burmese – https://bitly.cx/k8s4V
DVB – https://bitly.cx/NtFhW
သံလွင်ခက် – https://bitly.cx/qJIrL

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့ တွင် သုံးလသားအရွယ် ကလေးငယ်အပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

စစ်တပ်လော်ဘီများက “အေအေတပ်ဖွဲ့ဝင်များ ဗုံးကြဲခံရမှုကြောင့် သေဆုံး” ဟု ဖြန့်ဝေနေသော အကြောင်း အရာသည် ဖြစ်စဉ်အမှန်ကို လိုသလို ပုံဖော်ထားသော သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza