ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲခဲ့သဖြင့် ကလေး ငယ်တစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့မှုအား အေအေတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ ကြောင်း သတင်းအမှားဖြန့်ဝေလျက်ရှိသည်။
စစ်တပ်လော်ဘီ “ နေပြည်တော်”တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဖေဖော်ဝါရီ ၁၆ရက်တွင် ကျောက်ဖြူမြို့ နယ် မင်းပြင် အေအေဌာနချုပ် စခန်းတစ်ခုထဲတင် အေအေ ၂၀ကျော် သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း ရခိုင်ဒေသတွင်း နိရဥ္စရာသတင်းဌာန၏ သတင်း screenshot များနှင့်အတူ ရေးတင်ထားသည်။
သတင်းအမှားလင့်ခ် – https://archive.ph/VCnFS
အခြားသော စစ်တပ်လော်ဘီချန်နယ်များကလည် သတင်းအမှားကို ကူးယူဖြန့်ဝေနေသဖြင့် ပျံ့နှံ့မှု များပြားနေ သည်။
သတင်းအမှားလင့်ခ်များ
Kyaw Swaw – https://archive.ph/xoG7i
Lashio Thar – https://archive.ph/a6Mo5
စစ်တပ်လော်ဘီများ ဖြန့်ဝေနေသော ကိစ္စကို MPA Fact-check teamက အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
မင်းပြင်ရွာကို စစ်တပ်က ဗုံးကြဲမှုတွင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့မှုအား စစ်တပ် လော်ဘီများက အေအေအများအပြားသေဆုံးဟု သတင်းအမှားဖြန့်ဝေထားခြင်းဖြစ်သည်။
သက်သေပြချက်
နိရဥ္စရာသတင်းဌာန၏ မင်းပြင်ရွာ ဗုံးကြဲခံရမှုအကြောင်း ရှာဖွေကြည့်ရာ ဖေဖော်ဝါရီ ၁၅ ရက်၊ ညနေ ၆ နာရီ ခန့်တွင် စစ်ကော်မရှင်လေတပ်က ဗုံးကြဲခြင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးတို့ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/MwpZS
ဆက်လက်ပြီး ဖေဖော်ဝါရီ ၁၆ရက် နိရဥ္စရာသတင်းတွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင် တပ်၏ တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း မိန်းကလေးငယ်တစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့ ကြောင်း သတင်းဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/WRZn
Google တွင် ကျောက်ဖြူ မင်းပြင်ရွာ ဗုံးကြဲခံရမှုအကြောင်း ရှာဖွေကြည့်ရာ People’s Spring နှင့် Development Media Group သတင်းဌာနတို့က သတင်းဖော်ပြထားသည်။
သတင်းများအရ ဗုံးကြဲခံရမှုကြောင့် သေဆုံးခဲ့သော ကလေးနှင့် အမျိုးသမီးတို့သည် သားအမိဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင် ဝမျှောင်ကျေးရွာအောက် ပင်လယ်ပြင်ရှိ စစ်ကောင်စီ စစ်ရေ ယာဉ်မှ ဝမျှောင်နှင့် ငအုပ်ကျေးရွာတို့ကို လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် အသေခံဒရုန်းဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဝမျှောင်ကျေးရွာမှ သားမိနှစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကာ ငအုပ်ကျေးရွာမှ ၄ ဦး ဒဏ်ရာရရှိကြောင်း သတင်းများအရ သိရသည်။
သတင်းလင့်ခ်များ
People’s Spring – https://bitly.cx/WOMzw
DMG – https://bitly.cx/liEy7
သုံးသပ်ချက်
စစ်ကော်မရှင်တပ်သည် ရခိုင်ပြည်နယ်အတွင်း လေကြောင်း၊ ရေကြောင်းတို့မှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေနေသဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။
ကျောက်ဖြူမြို့နယ် မင်းပြင်ရွာ ဗုံးကြဲခံရမှုဖြစ်စဉ်တွင်လည်း ကလေးနှင့် အမျိုးသမီး တို့သေဆုံးခဲ့မှုအား ဖုံးကွယ်၍ အေအေတပ်ဖွဲ့ဝင် အများအပြား သေဆုံးကြောင်း စစ်တပ်လော်ဘီများက လိမ်ညာ၍ သတင်းအမှားဖြန့်ဝေနေခြင်းဖြစ်သည်။
အလားတူ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့တို့ကို စစ်ကော်မရှင် တပ်က ဂျက်တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားကလေးငယ်အပါ အရပ်သား ခုနစ်ဦး သေဆုံးခဲ့မှုအား စစ်လော်ဘီများက အေအေတပ်ဖွဲ့ဝင်များ သေဆုံးဟူ၍ သတင်းအမှား ဖြန့်ဝေခဲ့ဖူး သည်။
ထိုသို့ သတင်းအမှား ဖြန့်ဝေထားမှုအား MPA fact-check team က သတင်းအချက်အလက်စစ်ဆေးခဲ့ဖူး သည်။ Fact-Check သတင်းလင့်ခ် – https://bitly.cx/uu3B9
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
