ကျောက်တော်ကိုယ်ပိုင်စာသင်ကျောင်းကို စစ်ကောင်စီဗုံးကြဲ၊ကလေးငယ် ၁၈ဦး​သေဆုံးကာ ၂၀​ကျော်ပြင်းထန် ဒဏ်ရာရ

By MPA

စစ်ကောင်စီ ( စစ်ကော်မရှင်တပ်) သည် အာရက္ခပြည်၊ ကျောက်တော်မြိုနယ်၊ သရက်တပင်ကျေးရွာ ရှိ ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ကို စက်တင်ဘာလ (၁၂) ရက်၊ နံနက် (၁) နာရီ (၀၅) မိနစ်ခန့်အချိန်တွင် လေကြောင်းမှ ပေါင် (၅၀၀) ဗုံး နှစ်လုံး လာရောက် ဗုံးကြဲချခဲ့ကြောင်း AA ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပေါင် (၅၀၀) ဗုံး နှစ်လုံးကြောင့် ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသူ/ကျောင်းသားများနှင့် ၎င်းအနီးအနားမှ ကလေးငယ်တချို အပါအဝင် စုစုပေါင်း (၁၈) ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြကြောင်း ကနဦး သတင်းများအရ သိရှိရသည်။