စစ်တပ် ဗုံးကြဲမှုနှင့် စစ်ကြောင်းထိုးမှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၃၀ ဦးကို KNU များဟု တံဆိပ်ကပ် သတင်းအမှား ဖြန့်

ပဲခူးတိုင်း ကျောက်ကြီးတွင် စစ်တပ်က အရပ်သားပြည်သူ ၃၀ကို ဗုံးကြဲမှုနှင့် စစ်ကြောင်းထိုးသတ်ဖြတ်ခဲ့ပြီး KNU များဟူ၍ တံဆိပ်ကပ်ထားသော သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။

“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က မတ်လ ၉ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ကျောက်ကြီး၊ ညောင် လေးပင်တွင် စစ်တပ်က စစ်ကြောင်းထိုး၊ ဗုံးကြဲသုတ်သင်မှုများကြောင့် KNU ၃၀ ကျော် သေဆုံးပြီး PDF ရာချီ ဖမ်းဆီးခံခဲ့ဟူ၍ ဓာတ်ပုံများနှင့်တကွ သတင်းအမှားကို ရေးသားဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာကို “Truth Media ၊ D.I Themeedaw” တို့က ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြား နေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/lWxxC
Truth Media – https://archive.ph/mGttX
D.I Thameedaw – https://archive.ph/RenSq

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “People’s Spring, KIC, BBC” သတင်းဌာနတို့က ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။

သတင်းမီဒီယာများတွင် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ်၏ စစ်ကြောင်းထိုးသတ် ဖြတ်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၃၀ သေဆုံးပြီး ၁၆၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ မတ်လ ၅ ရက်တွင် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ ၁၆၀ ဦးအား အကြောင်းမဲ့ဖမ်းဆီးခဲ့ ကြောင်း၊ မတ်လ ၇ ရက်တွင် ရေတွင်းကုန်းကျေးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သဖြင့် ၂၅ ဦး သေဆုံးခဲ့ပြီး ၊ အမျိုးသား ငါးဦးကို စစ်တပ်က ထပ်မံသတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန်>>>
People’s Spring – https://bitly.cx/Nd0X
KIC – https://bitly.cx/QUk0X
BBC – https://bitly.cx/OoBdK

အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ကျောက်ကြီး စစ်တပ်သတ်ဖြတ်မှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “The Voice of ChinLand, MPA, Mizzima” အပါအဝင် အခြားမီဒီယာများက သတင်း ဖော်ပြထားသည်။

သတင်းမီဒီယာများတွင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ်၏ ဗုံးကြဲ တိုက် ခိုက်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၃၀ သေဆုံးပြီး ၁၆၀ ကျော် ဖမ်းဆီးခံခဲ့ရ ကြောင်း၊ မတ်လ ၅ ရက်နေ့တွင် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ အရပ်သား တစ်ရာကျော်ကို ဖမ်းဆီး သွားခဲ့ ကြောင်း၊ မတ်လ ၇ ရက်တွင် ရေတွင်းကုန်းရွာကို ထပ်မံ ဗုံးကြဲခဲ့ရာ ဖမ်းဆီးခံထားရသည့် ပြည်သူ ၂၅ ဦး သေဆုံးခဲ့ကြောင်း၊ ငါးဦးကို စစ်တပ်က ထပ်မံသတ်ဖြတ်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု စာရင်းအား ဆက်လက် အတည်ပြုနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>>
The Voice of Chinland – https://bitly.cx/O5Hub
MPA – https://bitly.cx/N5P9
Mizzima – https://bitly.cx/jl7y

KNU က အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် မတ်လ ၅ ရက် က ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းသည် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ အရပ်သား ၁၆၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ မတ်လ ၇ ရက်တွင် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ရေတွင်းကုန်းကို ဗုံးကြဲတိုက်ခိုက်ရာ ဖမ်းမိထား သည့် အရပ်သား ၂၅ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း၊ နောက်ထပ် ငါးဦးကို စစ်တပ်က သတ် ဖြတ်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုစာရင်းကို KNU က ဆက်လက်စိစစ်အတည်ပြုနေပြီး အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/RfVrz

NUG ကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်း ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ပြည်သူ ၃၀၀ ကျော်အား ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း၊ သေဆုံးသူများထဲတွင် ကလေး သုံးဦး၊ ကိုယ် ဝန်ဆောင် တစ်ဦး နှင့် သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/G5Ys5

သုံးသပ်ချက်

သတင်းမီဒီယာများနှင့် ထုတ်ပြန်ချက်များအရ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်တပ်က စစ်ကြောင်းထိုးသတ်ဖြတ်ခြင်းနှင့် ဗုံးကြဲခြင်းများကြောင့် အရပ်သား ၃၀ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး တစ်ရာကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက “ ကျောက်ကြီးတွင် KNU ၃၀ ကျော် သေဆုံးပြီး၊ PDF တစ်ရာကျော် ဖမ်းဆီးခံရ” ဟု ဖြန့်နေသော အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို လိမ်လည်ထားသော သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရက် အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။