ဝန်ကြီးတစ်နေရာ ပေးသနားပါရန် လက်ရှိလောင်းကစားဝန်ကြီးချုပ် အောင်ကြည်သိန်းက နေပြည် တော်စစ်ဗိုလ်ချုပ်တို့ထံ အသနားခံထားကြောင်း သိရသည်။
မင်းအောင်လှိုင်ခန့် လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းသည် မကြာမီရက်ပိုင်းအတွင်း ဖွဲ့စည်းမည့် တရားမဝင် အမည်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် မဖြစ်နိုင်တော့သ ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်း ဝန်ကြီးတစ်နေရာ ပေးသနားရန် အသနားခံထားကြောင်း ဒေသ တွင်းပါတီများနှင့် နီးစပ်သော မော်လမြိုင်မြို့ခံတစ်ဦးထံက သိရသည်။
“ပထမ လွှတ်တော်ဥက္ကဌဖြစ်မလားဆိုပြီး အိပ်မက်မက်သေးတယ်။ လွှတ်တော်ဥက္ကဌလည်းမရ၊ ဒုဥ က္ကဌလည်း မရတော့ အခု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆိုတာကလည်း စစ်တပ်က လွှတ်လိုက်တဲ့ ဗိုလ် မှူးချုပ်အောင်ဝင်သန်းက သေချာသလောက်ရှိနေတော့ အောင်ကြည်သိန်းက သူ့ကို ဝန်ကြီးလောက် တော့ ပြန်ပေးဖို့ နေပြည်တော် စစ်ဘက်ဆိုင်ရာဘက်ကို အသနားခံထားတယ်လို့ ကြံ့ဖွံ့ထဲကပဲ ပြော လို့ သိရတယ်။နေပြည်တော်ကြံ့ဖွံ့လမ်းကြောင်းကျတော့ သူ့ကို မကြည်တော့ ဆောရီးပဲဖြစ်နေ တယ်”ဟု ၎င်းက MPA သို့ ပြောသည်။
မတ်လ၃၀ရက်တွင် ပြုလုပ်မည့် အမည်ခံ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ အကြမ်းဖက်သမ္မ တက ပေးပို့မည့် ဝန်ကြီးချုပ်အမည်စာရင်းကို လွှတ်တော်က အတည်ပြုပေးရမည်ဖြစ်ပြီး စစ်တပ်က စေလွှတ်ထားသော အစိတ်သားအမတ်ခေါင်းဆောင် ဗိုလ်မှူးချုပ်အောင်ဝင်းသန်းက ဝန်ကြီးချုပ်ဖြစ် မည်ဟု ရေပန်းစားနေသည်။
“အောင်ကြည်သိန်းတပည့်တွေကတော့ သူတို့အဘ ပြည်ထောင်စုဝန်ကြီးရမယ်လို့ အရှက်ပြေ သ တင်းလွှင့်နေကြတယ်။ပြည်ထောင်စုဝန်ကြီးနေရာက သူတို့စစ်တပ်ထဲကကောင်တွေတောင် အဝေမတည့်ဖြစ်နေတာကို အိပ်မက်မက်နေသေးတယ်။အခုက ပြည်နယ်ဝန်ကြီးရ ကံကောင်း”ဟု ၎င်းက ဆက်လက်ပြောသည်။
အောင်ကြည်သိန်းသည် လက်ရှိ မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌဖြစ်ပြီး နေပြည်တော်က ယင်းရာထူးကို ပင် ဖယ်ရှားမည်ဟု ပါတီတွင်း သတင်းထွက်နေကြောင်း မော်လမြိုင်မြို့၊မုပွန်ရပ်နေ ကြံ့ဖွံ့ပါတီဝင် ဟောင်းတစ်ဦးက ဆိုသည်။
“ပြစ်မှုကတော့ မွန်ပြည်နယ်မှာ ကြံ့ခိုင်ရေးအပြတ်အသတ်မနိုင်တာပဲ။အောင်ကြည်သိန်းတောင်မှ မဲ ခိုးလို့ နိုင်သွားတာလေ။အဲဒီအမှုနဲ့ အောင်ကြည်သိန်းကို မကြည်တဲ့ နေပြည်တော်ကို ပေါက်ရောက် တဲ့လူကြီးတွေက ဝိုင်းထောက်ကြတယ်။လောင်းကစားဝိုင်းထောင်ပြီး လိုင်းကြေးရှာဖို့ပဲ တတ်တယ် ဆိုပြီးတော့”ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်လွှတ်တော်တွင် ကြံ့ဖွံ့က ၁၁နေရာအနိုင်ရခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၇နေရာဖြင့် ဒုတိ ယအများဆုံးအနိုင်ရခဲ့သည်။
မတ်၂၀ရက် တရားမဝင် အမည်ခံမွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ဥက္ကဌ အဖြစ် ကြံ့ဖွံ့အမတ် သက်ထွေးနှင့် ဒုဥက္ကဌအဖြစ် ကြံ့ဖွံ့အမတ်မင်းအောင်မြင့်ကို ခန့်အပ်ခဲ့သည်။
လက်ရှိတရားမဝင်ဝန်ကြီးချုပ်အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာ မှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့သည်။
ဓာတ်ပုံ-ရာမညမြေ
ပုံစာ- လက်ရှိမွန်ဝန်ကြီးချုပ် အောင်ကြည်သိန်း
စာတည်း-ML
