မန္တလေးတိုင်း၊ မိတ္ထီလာလေတပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံး အောင်မြင်စွာ ပစ်သွင်းနိုင် ခဲ့ကြောင်း သိရသည်။
ယနေ့ ( ဧပြီ ၂ရက် )နံနက် ၄နာရီ ၂၆ မိနစ်ခန့်တွင် မိတ္ထီလာလေတပ် ( ရှမ်းတဲ ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀လုံး ပစ်ခတ်ခဲ့ရာ ၇လုံး အောင်ခဲ့ကြောင်း Brave Warriors For Myanmar – BWM က သတင်းထုတ်ပြန်သည်။
” ကျနော်တို့ က လေယာဉ်ရပ်နားရာ ကွင်းအပြင် ဒရုန်းစက်ရုံ နဲ့ ဆီကန်တို့ကို ဦးတည်ပစ်ခတ်ခဲ့တာ ပါ။ လက်နက်ကြီးနဲ့ ကောင်တာ ပြန်လာတာတော့ မရှိဘူး။ စတင်တိုက်ခိုက်တဲ့ အချိန်ကစပြီး EC ကင်းထောက်သင်မောင်း လေယာဉ်တွေနဲ့ ကျနော်တို့ကို ပတ်ရှာနေတာ အခုထိပဲ ” ဟု ယနေ့ညနေ ၅ နာရီခန့်တွင် BWM မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
မိတ္ထီလာလေတပ် ( ရှမ်းတဲ ) ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းသည် BWM နှင့် မဟာ မိတ်တပ်များအတွက် ပထမဆုံးဖြစ်သည်။
” အတော့် ကို ခက်ခဲတဲ့ မစ်ရှင်ပါ။ စစ်တပ်ရဲ့ တပ်တော်ဝင် လေယာဉ်များလည်း ထားရာ လေတပ်စ ခန်းဌာနချုပ် ဖြစ်တဲ့အတွက် ပစ်မရအောင် မြေပြင်လုံခြုံရေး အထပ်ထပ် ချထားသည့် ကြားကနေ လျှပ်တစ်ပြက် ထိုးဖောက်ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ရတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် လေတပ်အတွင်း ထိခိုက်ပျက်စီးမှုများ ရှိပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ Shadow ( Mandalay ) အဖွဲ့၊ မိုးမခတပ်ဖွဲ့ ( ညောင်ဦးခရိုင်ပကဖ ) နှင့် Satan အဖွဲ့တို့က ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
စာတည်း-ML
