“ရိုက်ခံရသူ ကိုရင်” နှင့် “ရိုက်နှက်သူ ဘုန်းကြီး” ဟူ၍ ဓာတ်ပုံ၊ဗီဒီယိုအမှားများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေ

မြိတ်မြို့ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းထိုင်ဘုန်းကြီးက ကိုရင်ငယ်တစ်ပါးကို အပြင်းအထန် ရိုက်နှက်မှုတွင် “ရိုက်ခံရသူ ကိုရင်” နှင့် “ရိုက်နှက်သူ ဘုန်းကြီး”တို့၏ ဓာတ်ပုံအမှားများ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ လျက်ရှိသည်။

အပြင်းအထန် ရိုက်နှက်ခံရသူ ကိုရင်ငယ်လေး ဆေးရုံတွင် ကုသမှုခံယူနေသည်ဟူ၍ ဗီဒီယိုဖိုင်များ ဆိုရှယ်မီ ဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။

ပျံ့နှံ့နေသော ရုပ်သံဖိုင်အမှားလင့်ခ်များ

Lin Naing – https://bitly.cx/HkrC1
Shwe Phyu Nan Nwe – https://bitly.cx/Dec4I

ထို့အပြင် ကိုရင်ငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သူ ကျောင်းထိုင်ဘုန်းကြီးဦးတေဇဓာတ်ပုံဟူ၍ ဓာတ်ပုံအမှားများ ဖြန့်ဝေမှုများလည်း ရှိနေသည်။

ဓာတ်ပုံအမှားလင့်ခ်များ

Soe Lin Aung – https://bitly.cx/upzpi
အသံသတင်း – https://bitly.cx/8o20Y
World News Pulse – https://bitly.cx/8Lc8

ဖေ့ဘွတ်ခ်တွင် ရိုက်နှက်ခံရသူ ကိုရင်ငယ်လေး ရုပ်သံဖိုင်နှင့် ရိုက်နှက်သူ ကျောင်းထိုင်ဘုန်းကြီးတို့၏ ဓာတ်ပုံ ဟူ၍ ပျံ့နှံ့နေသော အကြောင်းအရာများကို စစ်ဆေးကြည့်ရာ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်အမှားများဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

ဆေးရုံတက်နေရသော ကိုရင်ဟု ဆိုသည့် ဗီဒီယိဖိုင်ကို InVID video verification အသုံးပြု၍ အချက်အလက် စစ်ဆေးကြည့်ရာ ရိုက်နှက်ခံရသူ ကိုရင်မဟုတ်ကြောင်း သိရသည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသာ ရုပ်သံဖိုင်သည် ဆွမ်းခံကြွရင်း ခွေးကိုက်ခံရသဖြင့် ဆေးရုံတက်နေရသော ကိုရင်တစ်ပါး၏ ရုပ်သံဖိုင်ဖြစ်နေသည်။

သက်သေပြချက်လင့်ခ် – https://bitly.cx/udCuP

ထို့အပြင် ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော ကိုရင်ငယ်လေးကို ရိုက်သော ဦးဇင်းပုံနှင့် ကိုရင်လေးပုံတို့မှာ အမှားများဖြစ် ကြောင်း TM celebrity-news က ရှင်းလင်းထားသည်။

ပုံအမှားဖြစ်ကြောင်း ရှင်းလင်းထားသောလင့်ခ် – https://bitly.cx/2qMU

ကိုရင်ငယ်လေးကို ရိုက်နှက်ခဲ့သူ ဘုန်းကြီးဦးတေဇအဖြစ် အွန်လိုင်းပေါ်တွင် စွပ်စွဲအပြစ်တင်ခံရမှုများကြောင့် ပုံအမှားတင်ခံရသူ ဦးဇင်တစ်ပါးသည် လူထွက်ခဲ့ရကြောင်း Eleven Media သတင်းက ဖော်ပြထားသည်။

သတင်းလင့်ခ် – https://bitly.cx/eNjkk

ကိုရင်ငယ်ကို အပြင်းအထန် ရိုက်နှက်ခဲ့သူ ကျောင်းထိုင်ဘုန်းကြီး ဦးတေဇ လူအမည် ဦးထွန်းလှိုင်ကို လူဝတ်လဲ၍ မြိတ်ရဲစခန်းတွင် ပုဒ်မ ၂၉၅ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရဿည်။
ရိုက်နှက်ခံရသူ ကိုရင်ငယ်မှာ လက်ရှိတွင် အဆိုပါ ကျောင်းတိုက်တွင် ကျန်းမာရေး ကောင်းမွန်နေကြောင်း သတင်းမီဒီယာများက ဖော်ပြထားကြသည်။

DVB – https://bitly.cx/EDk5c
Dawei Watch – https://bitly.cx/7ATi8

သုံးသပ်ချက်

မြိတ်မြို့တွင် ကျောင်းထိုင်ဘုန်းကြီးက ကိုရင်ငယ်တစ်ပါးကို လူမဆန်စွာ အပြင်းအထန် ရိုက်နှက်နေသော ရုပ်သံဖိုင်သည် ဆိုရှယ်မီဒီယာသုံးစွဲသူများ အကြားလျင်မြန်စွာ ပျံ့နှံ့ခဲ့သည်။
ထို့နောက် အဆိုပါ ရိုက်နှက်မှု ကျူးလွန်သူ ဦးတေဇနှင့် ကိုရင်ငယ်တို့၏ ဓာတ်ပုံအမှားများ၊ ရုပ်သံဖိုင်အမှားများ ပျံ့နှံ့လာခဲ့သည်။

ရိုက်နှက်သူ ဘုန်းကြီးဟူ၍ ဆိုရှယ်မီဒီယာအသုံးပြုသူများ၏ စွပ်စွဲခြင်းခံခဲ့ရသူ ဦးဇင်းတစ်ပါးသည် စိတ်ထိခိုက် ပြီး လူထွက်ခဲ့ရသည်အထိ နစ်နာခဲ့ရသည်။

ထို့ကြောင့် ဆိုရှယ်မီဒီယာအသုံးပြုသူများ အကြားတွင် ပျံ့နှံ့နေသော“ရိုက်ခံရသူ ကိုရင်” နှင့် “ရိုက်နှက်သူ ဘုန်းကြီး” တို့၏ ဓာတ်ပုံ၊ဗီဒီယိုအမှားများကို အချက်အလက်စစ်ဆေးတင်ပြခြင်းဖြစ်ပါသည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။