အာဆီယံနှင့် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှုရရှိစေရန် ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးကို စစ်အုပ်စု အသုံးချနေကြောင်း Defend Myanmar Democracy က ဆိုသည်။
အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် သွေးစွန်းနေသော စစ်ဝတ်စုံများနေရာတွင် အရပ်ဝတ် ဝတ်စုံများ ပြောင်းလဲဝတ်ဆင်ထားသော မြန်မာစစ်အုပ်စုသည် ၎င်းတို့ကိုယ်၎င်းတို့ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ဟန်ပြလိမ်လည်ရန် သေချာစီစဉ်ထားသည့် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြောင်း မင်းအောင်လှိုင်နှင့် ၎င်း၏ အတုအယောင် ငြိမ်းချမ်းရေး ကို တရားဝင်မှု ပေးခြင်း သည် ပဋိပက္ခကို ပိုမိုရှည်ကြာရှည်စေမည်ဖြစ်ပြီး နယ်စပ်တစ်လျှောက်နှင့် ဒေသတွင်း မတည်ငြိမ်မှု များကိုသာ ပိုမိုနက်ရှိုင်းလာစေမည်ဖြစ်ကြောင်း ဧပြီ၂၂ရက်၊ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတတု မင်းအောင်လှိုင် တို့ နေပြည်တော်၌ တွေ့ဆုံအပြီးတွင် Defend Myanmar Democracy က ဆိုသည်။
“ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံမှာထိုင်ခုံပျောက်နေတဲ့ မင်းအောင်လှိုင်ကို ထိုင်ခုံပြန်ရရေးအ တွက် စိတ်ကူးယဉ်ကြည့်တာပေါ့။အရပ်သားအယောင်ဆောင်ထားတဲ့ အာဏာသိမ်းစစ်အုပ်စုကို တ ရားဝင်မှု ပေးလိုက်တာပါပဲ”ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးသည် မြန်မာနိုင်ငံ၏ အခြေအနေနှင့် နက်ရှိုင်းစွာ ဆက်စပ် နေကြောင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ရှေ့ဆက်ရမည့်လမ်းစဥ်သည် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို အဆုံးသတ်ခြင်းနှင့်အတူ အားလုံးပါဝင်နိုင်ပြီး မြန်မာနိုင်ငံ၏ တရားဝင်ကိုယ် စားလှယ်များ၊ ဖက်ဒရယ် ဒီမိုကရေစီ အင်အားစုများနှင့် ထိတွေ့ဆက်ဆံခြင်းတို့မှသာ စတင်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးရာ၌ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး အတွက် မြန်မာနှင့် အာဆီယံအကြား ပေါင်းကူးတံတားတည် ဆောက် ရေး တွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို ထပ်လောင်းအတည်ပြုခဲ့ပြီးနယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် အွန်လိုင်းရာဇဝတ်မှုများကို အတူတကွနှိမ်နင်းရန်အတွက် ပူးပေါင်းဆောင်ရွက်နေ မှုများ အဆင့်မြှင့်တင်ရန် စသည့်အချက်များ လည်းပါဝင်သည်။
